Friday, January 22, 2016

ဒီမီ လိုဗာတိုရဲ့ မပြုပြင်ထားတဲ့ ရေချိုးခန်းထဲက ဓာတ်ပုံ

       ချစ်သူဖြစ်တဲ့ ဝီလ်မာ ဗာလ်ဒါရာမန်က သူမရဲ့ သဘာဝအတိုင်းအလှကို ပိုနှစ်သက်တယ်လို့ ဒီမီ လိုဗာတိုက ပြောပါတယ်။


အဆိုတော် ဒီမီ လိုဗာတိုက ဖိုတိုရှော့ပ်နဲ့ ပြုပြင်ထားခြင်း မရှိတဲ့ သူမရဲ့ ပင်ကိုယ်အရှိအတိုင်း ဓာတ်ပုံကို ပရိသတ်တွေထံ ဝေမျှ ပြသလိုက်ပါတယ်။

ဒီမီ လိုဗာတိုက အင်္ဂါနေ့မှာ ရေချိုးခန်းအတွင်း အနက်ရောင် အတွင်းခံဝတ်စုံ ဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ ဆယ်ဖီဓာတ်ပုံကို အင်စတာဂရမ်မှာ လွှင့်တင်ခဲ့တာပါ။

ဒီပုံဟာ ဖိုတိုရှော့ပ်သုံးပြီး ပြုပြင်ထားခြင်း လုံးဝမရှိဘဲ သူမရဲ့ သဘာဝအတိုင်း ဖြစ်တယ်လို့ ဒီမီ လိုဗာတိုက ဆိုပါတယ်။ Allure မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးစဉ်က ပုံဖြစ်ပြီး သူမရဲ့ အရှိအတိုင်း ခန္ဓာကိုယ်ကို ကြွားချင်တာကြောင့် ဖိုတိုရှော့ပ်နဲ့ ပြုပြင်မထားပါဘူးလို့ ဒီမီ လိုဗာတိုက အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

ဒီမီ လိုဗာတိုဟာ ခန္ဓာကိုယ်အလှက သွယ်လျတဲ့ ပုံစံမျိုး မဟုတ်ဘဲ အတန်ငယ် ပြည့်ဖြိုးတဲ့ဟန် ရှိပါတယ်။ ချစ်သူဖြစ်တဲ့ ဝီလ်မာ ဗာလ်ဒါရာမန်က သူမရဲ့ သဘာဝအတိုင်းအလှကို ပိုနှစ်သက်တယ်လို့ ဒီမီ လိုဗာတိုက ပြောပါတယ်။ ဝီလ်မာက မိတ်ကပ်မပါတဲ့ သူမရဲ့ အလှကို ပိုနှစ်သက်တယ်လို့လည်း ဒီမီ လိုဗာတိုက ဖြည့်စွက် ပြောပါတယ်။


Source & Photo: Daily Mail, Demi Lovato

No comments: