မဝတီမြို့
ဘုရင့်နောင်လမ်းမကြီးနဲ့ နဝဒေးလမ်းဆုံမှာ ကားချင်းယှဉ်ပြီး သေနတ်နဲ့
ပစ်ခတ်မှုမှာ ကိုဦး(ခ)ဝင်းနိုင်ဦးဟာ လည်ပင်း ဖောက်ဝင်ဒဏ်ရာ
တစ်ချက်ရပြီး မဲဆောက်ဆေးရုံကို အရေးပေါ် တင်ပို့ထားရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်း က မြဝတီမြို့လယ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ပစ်ခတ်မှုက ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
" ဒဏ်ရာရတဲ့သူက ဆေးရုံပေါ်မှာဆိုတော့ အကြောင်းအရင်း အတိအကျတော့ အစ်ကို တို့မသိသေးဘူး။မြေပိုင်ဆိုင်မှု ကိစ္စလို့တော့ အကြမ်းဖျင်းသိထားတယ်။အခုတော့ ပိတ်ဆို့ပြီး တရားခံကို ဖမ်းနိုင်ဖို့ ကြိုးစားနေပါတယ်" လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်(၃)တပ်နယ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဓူဝံ သတင်းဝက်ဘ်ဆိုက် ကို ပြောပါတယ်။
မြဝတီမြို့ ဘုရင့်နောင် လမ်းမကြီးနဲ့ နဝဒေးလမ်းဆုံမှာ ကားချင်းယှဉ်ပြီး သေနတ်နဲ့ ပစ်ခတ်မှုမှာ ကိုဦး(ခ)ဝင်းနိုင်ဦးဟာ လည်ပင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရပြီး မဲဆောက်ဆေးရုံကို အရေးပေါ် တင်ပို့ထားရတယ်လို့ ဆိုပါတယ်။
"ခုနစ်နာရီခွဲ လောက်မှာ သေနတ်သံတစ်ချက်ကြားပြီး ကားတစ်စီး ကျနော့ဆိုင်ထဲကို အရှိန်မထိန်းနိုင်ပဲ ဆိုင်ထဲ အထိဝင်လာတာ။ ဘေးက ကားတစ်စီးက သေနတ်နဲ့ ချိန်ပစ်သွားတာ။ မောင်းတဲ့သူကတော့ လည်ပင်းမှာ သေနတ် တစ်ချက်ထိပြီး အခြေနေ စိုးရိမ်ရတယ် အိမ်က ဆိုင်ကယ်တစ်စီးလဲ လမ်းဘေးမှာ ရပ်ထားတာ ဆိုင်ထဲထိပါလာတယ် " လို့ ဘုရင့်နောင်လမ်းပေါ်က ရွှေဒေါန ကရင်ရိုးရာ အထည်ဆိုင်ပိုင်ရှင်က သူ့ရဲ့ ဖေစ့်ဘုတ်မှာရေးသားထားပါတယ်။
အထည်ဆိုင်ကို ကားဝင်တိုက်မိလို့ ဈေးဝယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Source & Photo : Aung Myat Thu Facebook
No comments:
Post a Comment