အင်္ဂလိပ်စာလုံး တစ်နေ (၁၀) လုံးလေ့လာတာ၊ မနက်တိုင်းထပြီး ပြေးတာ၊
ညအိပ်ရာဝင်တိုင်း ဒိုင်ယာရီရေးတာ စတဲ့အလေ့အကျင့်တွေကို လုပ်ချင်ကြပါတယ်။
ဒါပေမဲ့ ပထမတစ်ရက်နှစ်ရက်လောက်ပဲလုပ်ပြီး ဒီအကျင့်က ပျက်သွားတတ်ပါတယ်။
လူတိုင်းမှာ ပုံမှန်လုပ်ချင်နေတဲ့ အလေ့အကျင့်တွေ ရှိပါတယ်။ အင်္ဂလိပ်စာလုံး တစ်နေ (၁၀) လုံးလေ့လာတာ၊ မနက်တိုင်းထပြီး ပြေးတာ၊ ညအိပ်ရာဝင်တိုင်း ဒိုင်ယာရီရေးတာ စတဲ့အလေ့အကျင့်တွေကို လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ ပထမတစ်ရက်နှစ်ရက်လောက်ပဲလုပ်ပြီး ဒီအကျင့်က ပျက်သွားတတ်ပါတယ်။ တချို့အရာတွေက အလေ့အကျင့်ဖြစ်မလာဘဲ သတိရလောက်မှလုပ်တဲ့အရာတွေပဲ ဖြစ်သွားကြပါတယ်။
သုတေသနတစ်ခုအရ အလေ့အကျင့်တစ်ခု စွဲမြဲလာဖို့ ပျှမ်းမျှအားဖြင့် ၆၆ ရက်အချိန်ယူရပါတယ်။ ဒါပေမဲ့ လုပ်ချင်တဲ့ အလေ့အထပေါ်လည်း မူတည်ပါတယ်။ မနက်အိပ်ရာထတိုင်း ရေသောက်တဲ့အလေ့အကျင့်က မွေးယူဖို့ ရက် ၂၀ လောက်ပဲကြာတတ်ပြီး နေ့လည်စာစားပြီးတိုင်း အသီးတစ်ခုစားတဲ့အကျင့်မျိုးကတော့ ရက်လေးဆယ်လောက်ကြာတတ်တယ်လို့ဆိုပါတယ်။ ဒီသုသေတနကို University College London ကပြုလုပ်ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်လေ့ကျင့်ခန်းနဲ့ပက်သက်တဲ့ အလေ့အကျင့်မျိုးတွေကတော့ မွေးယူဖို့ ရက်အလွန်ကြာတတ်ပါတယ်။ အလေ့အကျင့်တစ်ခုကို မွေးယူဖို့ သင်စဉ်းစားနေတယ်ဆိုရင် ရက်ပေါင်း ၆၆ ရက်လောက်တော့ အချိန်ပေးသင့်ပါတယ်။
Source: Brain Picking
Photos : Body For Wife
No comments:
Post a Comment