Wednesday, January 20, 2016

ဥရောပကို လွှမ်းမိုးနိုင်ခဲ့တဲ့ အဒဲလ်၊ အမ်မာဝပ်ဆန်နဲ့ တင်းနစ်သမားတွေ

       ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်မှု စာရင်းထဲက ဖျော်ဖြေရေးကဏ္ဍစာရင်းမှာ ပါဝင်ခဲ့ကြတာပါ။


Forbes မဂ္ဂဇင်းက ရွေးချယ်ဖော်ပြခဲ့တဲ့ ဥရောပကို အလွှမ်းမိုးနိုင်ဆုံး လူငယ်များ စာရင်းမှာ လူကြိုက်များတဲ့ အနုပညာရှင်တွေနဲ့ နာမည်ကျော် အားကစားသမားတစ်ဦး ပါဝင်လာပါတယ်။

ကမ္ဘာကျော် မဂ္ဂဇင်းကြီးက 30 Under 30 Europe ခေါင်းစဉ်နဲ့ ထိပ်တန်း လူငယ်ခေါင်းဆောင်တွေ၊ တီထွင်သူတွေနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် နယ်ပယ် ၁၀ ခုက လူငယ် အယောက် ၃၀၀ ကို ရွေးချယ်ခဲ့တာပါ။

အဲ့ဒီစာရင်းထဲက ဖျော်ဖြေရေး နယ်ပယ်ထဲမှာတော့ အဆိုတော် အဒဲလ်၊ သရုပ်ဆောင် အမ်မာဝပ်ဆန်၊ နာမည်ကျော် တင်းနစ်ကစားသမားတွေဖြစ်တဲ့ နိုဗတ် ဂျိုကိုဗစ်၊ အန်ဒီမော်ရေးနဲ့ မာရီယာ ရှရာဗိုပါတို့ ပါဝင်လာပြီး Star Wars ရဲ့ နောက်ဆုံးထွက် ဇာတ်ကားထဲက သရုပ်ဆောင် ဂျွန် ဘွိုင်အီဂါတို့လည်း ပါဝင်လာပါတယ်။

အဒဲလ်ရဲ့ Hello သီချင်းကတော့ စံချိန်တွေ တစ်ခုပြီးတစ်ခု တင်နေပြီး ကမ္ဘာတစ်ဝန်းမှာ ခုချိန်ထိကို လူကြိုက်များနေဆဲပါ။
Source : Forbes

No comments: