Wednesday, January 20, 2016

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ခြင်း [Trust Building] လုပ်နိုင်ဖို့ပါပဲ’’ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ခြင်း [Trust Building] လုပ်နိုင်ဖို့ပါပဲ’’ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း Wednesday, January 20, 2016 ၂၀၁၁ က စတင်ခဲ့သော လက်ရှိ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့်အတူပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။ သမ္မတဦး သိန်းစိန်လက်ထက်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အဓိကဦး ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးဦး အောင်မင်းနှင့် 7Day မှ ဇန်န၀ါရီ ၁၉ရက်က နေပြည်တော်တွင် သီး သန့်တွေ့ဆုံခဲ့သည်။ ဦးအောင် မင်းနှင့် တွေ့ဆုံစဉ် လေးနှစ် ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အစိုးရသစ်လက်ထက်အလား အလာ၊ မြန်မာနိုင်ငံငြိမ်းချမ်းေ၇း နှင့် ပြန်လည်ထူထောင်ရေးဗဟို ဌာန(MPC)အလားအလာစသည့် ကိစ္စရပ်များအပါအ၀င် 7Day က မေးမြန်းခဲ့မှုများကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။ သမိုင်းမှာ ပထမဆုံးအကြိမ် ပြု လုပ်နိုင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံအပေါ် ဘာများ မှတ်ချက်ပြုချင်ပါသလဲ။ ဇန်န၀ါရီ ၁၂ရက်က ၁၆ ရက်အထိ ပြုလုပ်ခဲ့တဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ဟာ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ် ခါမှ ပြုလုပ်နိုင်ခြင်းမရှိတဲ့ ညီလာ ခံဖြစ်ပါတယ်။ ဒါကြောင့် ထူးခြား ပါတယ်။ ဘာတွေထူးခြားသလဲ ဆိုရင် နံပါတ်(၁)က လက်နက် ကိုင်ပြဿနာဟာ နိုင်ငံရေးကိစ္စ တွေကို နိုင်ငံရေးအရမဖြေရှင်းခဲ့ လို့ တိုက်ပွဲတွေဖြစ်နေရတယ်လို့ ပြောကြတယ်။ အခုလက်နက် ကိုင်ပြဿနာကို နိုင်ငံရေးအရဖြေ ရှင်းတာဖြစ်တယ်။ (၂)က သမ္မတ ကြီးကလည်းခွဲထွက်ခြင်းနဲ့ အချုပ် အခြာအာဏာကို ထိပါးစေတဲ့ကိစ္စမှအပ ဆွေးနွေးခွင့်ပေးထား တယ်။ နံပါတ်(၃) ပြောခွင့်မရတဲ့ ဖက်ဒရယ်ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့တယ်။ အရင်ကဆို ဖက်ဒရယ်ကိစ္စဆွေးနွေးရင် အရေးယူခံရမှာပေါ့။ အခုဆို ကျယ်ကျယ်လောင်လောင်ဆွေး နွေးနိုင်ခဲ့ကြတယ်။ (၄)က ညီလာ ခံကြီးကနေ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတည်ဆောက်နိုင် မှာဖြစ်တဲ့အတွက် ပြည်သူလူထု အတွက် အကျိုးရှိတယ်။ နောက် ဆုံးအချက်က ယခင်ကထိပ်တိုက် ရင်ဆိုင်တဲ့စနစ်ကတွေ့ဆုံဆွေး နွေးအဖြေရှာမယ်ဆိုတဲ့ Dialouge ပုံစံကိုဖော်ဆောင်နိုင်တယ်။ ဒီမို ကရေစီယဉ်ကျေးမှုပုံစံသစ်ဖြစ် လာတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေနဲ့ ပြည်ထောင်စုညီလာ ခံကိုသုံးနှစ်ကနေငါးနှစ်အတွင်း ပြီး စီးအောင်ဆောင်ရွက်သင့်တယ် ဆိုတဲ့အချက်ဟာ နောက်အစိုးရ အကျပ်တွေ့အောင်လုပ်တယ်လို့ ဝေဖန်မှုတွေရှိတယ်။ ၀န်ကြီးအ နေနဲ့ ဘယ်လိုသဘောထားရှိပါ သလဲ။ ကောင်းတဲ့လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် မြန်မြန်သွားနိုင် ရင် အကျိုးမြန်မြန်ရမယ်လို့ ကျွန် တော်ယူဆတယ်။ ညီလာခံဟာ NCA စာချုပ်ကို အခြေခံတယ်။ NCA အရ မူဘောင် Framework ရေးဆွဲတယ်။ မူဘောင်အတိုင်း ညီလာခံကိုကျင်းပတယ်။ မူ ဘောင်ထဲမှာ နောက်အစိုးရက ပြု ပြင်ပြောင်းလဲမှုတွေလုပ်နိုင် တယ်။ ဒါကြောင့်နောက်အစိုးရ မှာ အကျပ်အတည်းမဖြစ်စေနိုင် ပါဘူး။ ကျွန်တော်တို့က ပုံစံခွက် တစ်ခုလုပ်ပေးခဲ့တာပါ။ ကောင်း ရင်သုံးပါ။ မကောင်းရင်ပြင်ပါ။ ပြင်လို့မရရင်တော့ပစ်လိုက်ပါ။ သုံးပြင်ပစ်ပေါ့။ ပုံစံခွက်ကို ဖ ယောင်း၊ အင်္ဂတေ၊ ရွှေစတာနဲ့ သွန်းနိုင်တယ်။ သွန်းလုပ်မယ့် သူ တို့ရဲ့ ဆန္ဒပါလို့ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခု ညီလာခံက NCA ပြီးဆုံးတာကိုအသိအမှတ်ပြုခြင်းသာ ဖြစ်တယ်။ တကယ့် ငြိမ်းချမ်းရေးညီလာခံကို နောက်အစိုးရလက်ထက်မှာမှ ပြုလုပ်သွားမယ်လို့ RFA သတင်းဌာနမှာ ပြောသွားပါတယ်။ ၀န်ကြီးမှတ်ချက်လေးသိပါရစေ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်ပါတယ်။ ကျွန်တော် တို့ အစိုးရလက်ထက်မှာ ညီလာ ခံဆုံးဖြတ်ချက်တစ်ခုမှ မချပါဘူး။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ငြိမ်းချမ်းရေးညီလာခံတွေ ပြုလုပ်ကြတယ်။ ငါးနှစ်၊ ၁၀ နှစ်၊ နှစ် ၂၀ ကြာတတ်ပါတယ်။ တစ် ခါတလေပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာရှိကြပါတယ်။ ငြိမ်း ချမ်းရေး အောင်မြင်တာ၊မအောင် မြင်တာ အဓိကက အစိုးရအပေါ် တွင်သာ တာဝန်ရှိပါတယ်။နောက်တက်လာမယ့် အစိုးရဟာ NLD အစိုးရပဲဖြစ်ပါတယ်။ NLDအစိုးရ က ဆက်လုပ်ရမှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့လည်းအောင်မြင်မှုတွေရမယ်လို့ ယုံကြည်ပါ တယ်။ ၀န်ကြီးက ငြိမ်းချမ်းရေးမှာ တောက်လျှောက်ပါဝင်ဦးဆောင် ခဲ့တာဆိုတော့ နောက်အစိုးရ လက်ထက်မှာရော ဘယ်လိုပုံစံ မျိုးနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိလဲ။ ကျွန်တော်က ငြိမ်းချမ်းရေး ကို မြတ်နိုးပါတယ်။ တန်ဖိုးထား ပါတယ်။ ငြိမ်းချမ်းရေးပျက်သွား မှာကို အစိုးရိမ်ဆုံးပါပဲ။ ငြိမ်းချမ်း ရေးကို နောက်ဆုံးအချိန်အထိ လုပ်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်က ရာထူးတစ်နေရာ မျိုးဖိတ်ခေါ်ကမ်းလှမ်းတာရှိပါသ လား။ ၀န်ကြီးဘက်ကကော တင် ပြထားတာမျိုးရှိပါသလား။ အစိုးရသစ်က ဖိတ်ခေါ်ခြင်း လုံးဝမရှိပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ် သက်ပြီး နှစ်ကြိမ်တွေ့ဆုံခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ၀ိုင်းကူပေးပါလို့ တစ်ခွန်းပဲပြောခဲ့တာရှိပါတယ်။ ကျွန်တော်ကလည်း ထဲထဲဝင်ဝင် လုပ်ဖို့ အခက်အခဲတွေရှိပါတယ်။ အပြင်ကပဲ ကူညီပါရစေလို့ ပြော ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ ထက်ပိုပြီးပြောခဲ့တာမရှိပါဘူး။ အကယ်၍ ကမ်းလှမ်းလာခဲ့မယ် ဆိုရင် ၀န်ကြီးအနေနဲ့ဘယ်လိုစဉ်း စားပါမလဲ။ ဒီငြိမ်းချမ်းရေး တကယ် အောင်မြင်တာက သမ္မတကြီး ဦးသိန်းစိန်ရဲ့ တာဝန်ယူမှု၊ တာ ၀န်သိမှုအပေါ်မှာပါ။ ၀န်ကြီး ဦးအောင်မင်းလုပ်တဲ့ ကိစ္စတွေ အားလုံးကို သမ္မတကြီးဦးသိန်းစိန် က အားလုံးရာနှုန်းပြည့်တာဝန်ယူ တယ်။ တာဝန်ယူပေးလို့လည်း အောင်မြင်တာဖြစ်တယ်။ အဲဒီ တော့ အတွဲညီတယ်။ အဲဒီတော့ နောက်အစိုးရက ကျွန်တော်တို့ လုပ်သမျှကိစ္စကို တာဝန်ယူပေး နိုင်မလား။ သူတာဝန်မယူလို့ရှိ ရင် ကျွန်တော်တို့အနေနဲ့ လုပ်ရ တာ အောင်မြင်မှုမရနိုင်ဘူး။ ဒါ ကြောင့်မို့ ကျွန်တော်စဉ်းစားတာ ကတော့ ၀ိုင်းကူပေးမယ်။ ထဲထဲ ၀င်ဝင်ကတော့ ၀င်ကူဖို့ရာခက်တဲ့ အတွက် အပြင်ကပဲဝိုင်းကူပေး မယ်။ လေးနှစ်ကျော် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် ခြုံငုံသုံးသပ်ပြီး တော့ အားရတဲ့လုပ်ဆောင်ချက် တွေနဲ့ ကျေနပ်မှုသိပ်မရခဲ့တာရှိ ရင်လည်း ဥပမာပေးပြီးပြောပြ ပေးပါ။ ဆောင်ရွက်ချက်အားလုံးအ ပေါ်မှာ အားရကျေနပ်မိပါတယ်။ အဆင့်တိုင်း၊အဆင့်တိုင်းမှာ စိန် ခေါ်မှုတွေရှိပါတယ်။ ဒီစိန်ခေါ်မှု တွေကို ကျော်လွှားနိုင်လို့ပဲ ငြိမ်း ချမ်းရေးညီလာခံကြီးဖြစ်လာတာ ပဲ။ အရေးကြီးဆုံးကတော့ ယုံ ကြည်မှုတည်ဆောက်ခြင်းဖြစ်ပါ တယ်။ တိုင်းရင်းသားတွေဟာ yes ၊ no နှစ်လုံးပဲပြောတတ်ကြပါ တယ်။ no လို့ပြောထားတဲ့ ပုဂ္ဂိုလ် ဟာ yes လို့ ပြောဖို့တော်တော် ခက်ပါတယ်။ yes လို့ပြောအောင် ယုံကြည်မှုတည်ဆောက်ရတာ ဖြစ်ပါတယ်။ အပင်ပန်းဆုံးနဲ့ စိတ် အလှုပ်ရှားရဆုံးနေ့က ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်း ရင်းသားလက်နက်ကိုင် ငါးဖွဲ့နဲ့ တစ်ဖွဲ့ချင်းလျှို့ဝှက်တွေ့ပါတယ်။ KIA, RCSS, CNF, KNU, KNPP အဖွဲ့တွေဖြစ်ပါတယ်။ မနက်က နေ သန်းခေါင်အထိပဲ။ KNU က မကျေနပ်လို့ နိုဝင်ဘာ၂၀မှာ ထပ် တွေ့ကြတယ်။ အကျိုးဆက်အ နေနဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၁ တောင် ကြီးမှာ RCSS ၊ ၂၀၁၂ ဇန်န၀ါရီ၆ ရက် ဟားခါး မှာ CNF ၊ ဇန်န၀ါရီ ၁၂ ရက် ဘားအံမှာKNU၊ မတ်လ ၇ ရက် လွိုင်ကော်မှာ KNPP တို့နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ KIO ကတော့ တိုက်ပွဲတွေဖြစ်နေလို့ အကြိမ် ကြိမ်ထပ် ကြိုးစားခဲ့ရတယ်။ တရုတ်အထူးကိုယ်စားလှယ်က NCA မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့တိုက် တွန်းနေတယ်လို့ ပြောပါတယ်။ အိမ်နီးချင်းတရုတ်ရဲ့အခန်းကဏ္ဍ အပေါ် ၀န်ကြီးရဲ့သဘောထား သိချင်ပါတယ်။ ၂၀၁၅ အောက်တိုဘာက သမ္မတကြီးရဲ့ တရုတ်ပြည်ခရီးစဉ် မှာ နိုင်ငံတော်သမ္မတကြီးနဲ့ တရုတ်သမ္မတတို့တွေ့ဆုံခဲ့တယ်။ တရုတ်သမ္မတက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံတယ်။ တရုတ်နိုင်ငံက ကူညီပေးမယ်လို့ ပြောခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံ ရဲ့ ပေါ်လစီဖြစ်တယ်။၂၀၁၅ နိုဝင်ဘာလောက်မှာ တရုတ် အစိုးရက နယ်စပ်ဒေသရှိ ကေအိုင်အို၊ ‘၀’၊ မိုင်း လားအဖွဲ့တွေကို ခေါ်တွေ့ပြီး NCA လက်မှတ်ထိုးဖို့ တိုက်တွန်း ခဲ့တယ်လို့ သိရတယ်။ နယ်စပ်ဒေသ နှစ်နိုင်ငံကုန်သွယ် ရေးမှာ တရုတ်နိုင်ငံက အကျိုးအ မြတ်တွေ အများကြီးရတယ်။ငြိမ်း ချမ်းရေးမရရင် နယ်စပ်ဒေသ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်မယ်။ ဒါ ကြောင့် တရုတ်အစိုးရက ငြိမ်း ချမ်းရေးကို ထောက်ခံတာဖြစ် တယ်။ နယ်စပ်ဒေသစီးပွားရေး ဟာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေ တယ်။ ၀န်ကြီးအနေနဲ့ အစိုးရသစ်မှာ မပါဘူးဆိုရင် ငြိမ်းချမ်းရေးအ တွက် ဘာအကြံပေးချင်ပါသလဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှု တည် ဆောက်ခြင်း (Trust Building) လုပ်နိုင်ဖို့ပါပဲ။ Trust တည် ဆောက်နိုင်ဖို့ စိတ်ရှည်ရမယ်၊ ဇွဲ သန်ရမယ်၊ သည်းခံရပါမယ်။ ၀န်ကြီးအနေနဲ့ ပါတီနိုင်ငံရေး ဆက်လုပ်ဖို့ အနေအထားရော ရှိ ပါသလား။ ကျွန်တော်ပါတီ နိုင်ငံရေး မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြိမ်းချမ်းရေးသမား ဆိုတော့ ကြားကနေ ဆောင်ရွက် ရမယ့်သူ၊ ကြားက ဆောင်ရွက်ရ မယ့်သူတစ်ယောက်အနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကဏ္ဍစွဲကင်းရှင်းဖို့လိုပါတယ်။ ဒါကြောင့်မို့ ပါတီနိုင်ငံရေးကျွန်တော်မလုပ်ပါဘူး။ အမျိုး သားနိုင်ငံရေးလို့ သူများတွေပြော တာပေါ့။ အမျိုးသားနိုင်ငံရေးလို့ ပြောရင်လည်း သိပ်မကြိုက်ကြ ဘူးဗျ။ ဒီစကားက ဒီတော့ ကျွန် တော်က ပါတီစွဲကင်းကင်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဆက်လုပ်သွား မယ်။ MPC ရဲ့ ပုံသဏ္ဌာန်အနေအထား ကကော အစိုးရသစ်လက်ထက် မှာ ဘယ်လိုဖြစ်နိုင်မလဲ။ UAM-MPC ဆိုတာက တော့ မရှိလို့ မဖြစ်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ငြိမ်းချမ်းရေးကဏ္ဍမှာ MPC က အဓိကဆောင်ရွက်ခဲ့ တာဖြစ်တယ်။ နောက်ဆုံးငြိမ်း ချမ်းရေးညီလာခံအထိပေါ့။ အဲဒီ တော့ MPC ကတော့ နောက် အစိုးရလက်ထက်မှာ ဘယ်လို ဆက်ပြီးသွားမယ်ဆိုတာ ဘာညာ ကတော့ ကျွန်တော်တို့ စဉ်းစား ပြီး တိုင်ပင်နေတုန်းပဲရှိသေးတာ ပေါ့။ အခုတော့ အဖြေတော့ မ ထွက်သေးဘူး။ တိုင်ပင်တယ်ဆိုတာတာက အစိုး ရအဖွဲ့အသစ်နဲ့လား။ အစိုးရအဖွဲ့အသစ်နဲ့မဟုတ် ဘူး။ ကိုယ့်အချင်းချင်းထဲမှာပါ။ ငြိမ်းချမ်းရေးညီလာခံကြီးက အခု မှပဲ ပြီးတာ။ အခုမှပဲအသက်ရှုဝ တာ။ ကျွန်တော်တို့က ညီလာခံ ကြီးအပေါ် ငွေကြေး ရှင်းတာတို့၊ အစီရင်ခံစာရေးတာတို့ပြီးရင် ဆွေးနွေးချက်တွေကို စာအုပ်ကြီး ထုတ်တာတို့၊ စာအုပ်ကလည်း စာမျက်နှာ ခြောက်ရာလောက်ရှိ တယ်။ ဒါတွေ လုပ်မယ်။ အဲဒါ ပြီးမှပဲ ဒါကို ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာ တိုင်ပင်မယ်။ ရှိတော့ ရှိသင့်တယ်ဗျ။ MPCဆို တာ။ ဘာများ ဖြည့်စွက်ပြောကြားချင် ပါသလဲ။ ဒီနေရာမှာ Shuttle Diplo-macy ကို ပြောပြချင်တယ်။ Shuttle လို့ ပြောတော့ အသွား အပြန်လွန်းထိုးဆောင်ရွက်တယ် လို့ အဓိပ္ပာယ်ရတယ်။ မရှိသေး တာ၊ မဖြစ်သေးတာကို ရှိအောင်၊ ဖြစ်အောင် လုပ်တာလို့ ဖြည့်စွက် ပြောချင်တယ်။ ကျွန်တော်က Shuttle Diplomacy ကို အကြိမ် ကြိမ်ကြိုးစားခဲ့ရတယ်။ ဒါကြောင့်စိတ်ရှည်သည်းခံဇွဲသန်ရမယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။ ဦးအောင်မင်း (ဓာတ်ပုံ− စိုင်းဇော်) 7Day Daily

No comments: