မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, January 20, 2016
အမေရိကန် ပြည်ထောင်စု မှာ သမ္မတ အိုဘားမား က သူ့ရဲ့ အုပ်ချုပ်ရေး အာဏာ သက်သက် ကို အသုံးပြု ပြီး ပြုပြင် ပြောင်းလဲ ခဲ့တဲ့ လူဝင်မှု ဆိုင်ရာ မူဝါဒ အပေါ် ဗဟို တရားရုံးချုပ် ကနေ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု မှာ သမ္မတ အိုဘားမား က သူ့ရဲ့ အုပ်ချုပ်ရေး အာဏာ သက်သက် ကို အသုံးပြု ပြီး ပြုပြင် ပြောင်းလဲ ခဲ့တဲ့ လူဝင်မှု ဆိုင်ရာ မူဝါဒ အပေါ် ဗဟို တရားရုံးချုပ် ကနေ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား အတည်ပြုခဲ့တဲ့ လူဝင်မှု ဥပဒေ အရ တရားဝင် နေထိုင်ခွင့် စာရွက် စာတမ်း မရှိ ကြသူ တွေ သန်းနဲ့ ချီပြီး တိုင်းပြည် ထဲ ဆက်လက် နေထိုင်ခွင့် ရ လာစေပါတယ်။
အဲဒီ့ ဥပဒေကို သမ္မတ အိုဘားမား က ၂၀၁၄ ကတည်းက အတည်ပြု ပေးခဲ့ ပေမယ့် အတိုက်အခံ ရီပတ်ဘလေကဲန် တွေ ကြီးစိုးရာ ပြည်နယ် တွေ မှာတော့ အောက်ရုံးတော် တွေ က အဆိုပါ လူဝင်မှု ဥပဒေသစ် ကို အသုံးချ ခွင့် ရှိမလာ အောင် ပိတ်ဆို့ ထားပါတယ်။
ဒီ ဥပဒေ ကို ပြဌာန်း ခဲ့တဲ့ မစ္စတာ အိုဘားမားရဲ့ အပြုအမူ ဟာ သမ္မဏ အာဏာကို အလွန်အကျူး သုံးစွဲ ခဲ့တာ ဖြစ်တယ် ဆိုပြီး ဝေဖန်သူတွေ က ဆိုပါတယ်။
အခု ဗဟိုတရားရုံးချုပ် က အဲဒီ့ လူဝင်မှု ဥပဒေသစ်ကို ပြန်လည် သုံးသပ် ပြီး ဆုံးဖြတ်ချက် တစုံတရာကို လာမယ့် ဇွန်လ ပတ်ဝန်းကျင် လောက်မှာ ချပေးလိမ့်မယ် လို့ မျှော်လင့် ရပါတယ်။
အဲဒီ့ အချိန် လောက် ဆိုရင် သမ္မတ ရွေးကောက်ပွဲ အတွက် အပြိုင် မဲဆွယ် မှု တွေ ပြင်းထန် နေမှာ ဖြစ်ပြီး လူဝင်မှု ဆိုင်ရာ မူဝါဒ ဟာလည်း မဲဆွယ် ကတိ စကားတွေ ထဲ အဓိက အရေးပါ နေမယ့် အကြောင်းချင်းရာ ဖြစ် နေနိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment