ရော့်ခ်အဆိုတော် ဇော်ဝင်းထွဋ်က ပုဂံမှာ ဇန်နဝါရီ၂၁ ရက်နေ့ ဖျော်ဖြေပွဲလုပ်ဖို့အတွက် ဆိုင်ကယ်နဲ့ ခရီးဆက်နေပါတယ်။
အင်ပါယာတီးဝိုင်းရဲ့ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က ဖျော်ဖြေပွဲလုပ်ဖို့ ပုဂံကို ဆိုင်ကယ်တွေနဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဇော်ဝင်းထွဋ်က အခမဲ့ဖျော်ဖြေပွဲကို အခြားအဆိုတော်နဲ့ ပုဂံမှာ ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်။
အခမဲ့ ဖျော်ဖြေပွဲကျင်းပဖို့အတွက် ဇော်ဝင်းထွဋ်နဲ့ ဆိုင်ကယ်အဖွဲ့သားတွေ မန္တလေး၊ မြင်းခြံကတဆင့် ပုဂံကို မောင်းနှင်သွားခဲ့ကြတာလို့ EMPEROR Fan Club ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ ညောင်ဦး မြို့ရှောင်လမ်း ကားကြီးကွင်းအနီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဇော်ဝင်းထွဋ်နဲ့အတူ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဂျေမောင်မောင်၊ ရင်ဂို၊ ဝေလတို့ ဖျော်ဖြေပွဲမှာ ပါဝင်ကြမှာပါ။ အမျိုးသမီး တေးသံရှင်တွေအနေနဲ့ ထွန်းအိန္ဒြာဗိုနဲ့ လိမ္မော်သီးတို့ ပါဝင်ကြမယ်လို့ သိရပါတယ်။
Source & Photos : EMPEROR Fan Club's facebook page
No comments:
Post a Comment