Sunday, October 2, 2016

ရပ်ထားသောကားကို နောက်မှဝင်တိုက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

 


သထုံ အောက်တိုဘာ ၁

မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာအတွင်း ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်း၌ အောက်တိုဘာ ၁ ရက် နံနက် ၃ နာရီခန့်က ရပ်တန့်ထားသောယာဉ်ကို ဆိုင်ကယ်ကနောက်မှ ဝင်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်နေမျိုးသန့်နှင့် ရဲတပ်ဖွဲ့ဝင်များ သတင်းအရ သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁၃၇/ဝ)နှင့် (၁၃၇/၁) ကြားတွင် ရန်ကုန်မြို့မှ သထုံမြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်စွာ၊ လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6D/--- NISAN ကုန်တင်ယာဉ်သည် ဘီးပေါက်၍ ဖြုတ်လဲနေစဉ် ဘီးလင်းမြို့မှ သထုံမြို့ ဘက်သို့ လားရာတူမောင်းနှင်လာသည့် စောဝီလျှံ(၂၄နှစ်) ကျွန်းကလေးကျေးရွာ သထုံမြို့နယ်နေသူမောင်းနှင်ပြီး နောက်မှ ဖြိုးအာကာ(၁၈နှစ်) လိုက်ပါစီးနင်းလာ သော နံပါတ်မပါ Wave Honda ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ကား၏နောက်ခြမ်းကို ဝင်ရောက်တိုက်မိသောကြောင့် စောဝီလျှံသည် ဒဏ်ရာရရှိပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် သေဆုံးသွားသည်။

 ဖြိုးအာကာတွင် ဒဏ်ရာများရရှိသဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရ သည်။ အဆိုပါ ယာဉ်တိုက်မူဖြစ်စဉ်ကို သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည် ။

 ခွန်(ဝင်းပ)
MOI Webportal Myanmar

No comments: