မန္တလေးတိုင်းဒေသကြီး တွင် ၂၀၁၆ ကိုးလအတွင်း ယာဉ် တိုက်မှုများကြောင့် ထိခိုက်ဒဏ် ရာရရှိမှုနှင့် သေဆုံးမှု ယမန်နှစ် ထက် ပိုမိုများပြားလာကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင် ဘာအထိ ယာဉ်တိုက်မှု ၁,၆၂၀ မှုဖြစ်ပွားပြီး ယာဉ်တိုက်မှုများ ကြောင့် ၄၉၂ ဦးသေဆုံးကာ ၂,၄၅၄ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရ သည်။
၂၀၁၅ ဇန်နဝါရီမှ စက်တင် ဘာအထိ ယာဉ်တိုက်မှု ၁,၅၄၀ မှုဖြစ်ပွားပြီး ၄၄၀ ဦးသေဆုံးကာ ၂,၇၀၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ယခင်နှစ်ထက် ယာဉ်တိုက်မှုနှင့်သေဆုံးမှု ပိုမိုများပြားလာခြင်းဖြစ် သည်။
ယာဉ်တိုက်မှုများသည် မဆင်မခြင်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားနေပြီး မန္တလေး မြို့တွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ ပိုမိုကောင်းမွန်လာ စေရန် မြို့တွင်းမြို့ပြင် လမ်းပိုင်း အလိုက် စည်းကမ်းပျက်ယာဉ်များ ကို ဌာနစုံပူးပေါင်းအဖွဲ့ဖြင့် စစ် ဆေးအရေးယူနေကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်တိုက်မှုများ လျော့ကျစေရန် ၂၀၁၆ မေလ ၁ ရက်ကစတင်ကာ ရက် ၁၀၀ စီမံချက်အဖြစ် ဆောင် ရွက်ပြီးနောက် ယခုအခါ ယာဉ် တိုက်မှုလျော့နည်းရေး ခြောက်လ တာစီမံချက်ရေးဆွဲပြီး ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်နေကြောင်း ယာဉ်ထိန်းဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
No comments:
Post a Comment