Saturday, October 8, 2016

နာဂဒေသရောက် ကျန်းမာရေးမှူးနှင့် စိန်ထုပ်ပြန်ပေးသည့် အငှားယာဉ်မောင်းကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု


 သေဆုံးသည်အ ထိ ကူးစက်ရောဂါအပြင်းထန်ဆုံး ဖြစ်နေသော နာဂဒေသတွင် ရော ဂါရပ်တန့်အောင် ထိန်းချုပ်ကုသ ပေးနိုင်ခဲ့သော ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးကို သြဂုတ်အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ် ခဲ့သည်။

စက်တင်ဘာအတွက်မူ အငှားယာဉ်ပေါ်တွင် ခရီးသည်များမေ့ကျန်ခဲ့သော ကျပ်သိန်း တစ်ထောင်ခန့်တန်ဖိုးရှိ ကျောက်မျက်ရတနာများကို ပိုင်ရှင်ဖြစ်သူထံ အမြန်ဆက်သွယ်၍ ပြန်လည် ပေးအပ်ခဲ့သည့် ဦးသန်းထိုက်ကျော်ရွေးချယ်ခံရသည်။

ဦးသန့်ဇင်ဦးသည် ၂၀၁၆ ဇွန်လဆန်းမှစတင်၍ ပြင်းထန် ဝက်သက်ကူးစက်ရောဂါကျ ရောက်နေသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ထန်ခေါ် လန်မနာဂကျေးရွာတွင် ယင်း ရောဂါကြောင့် ရွာသူရွာသားက လေးသူငယ်များ နေ့စဉ်နှင့်အမျှ သေဆုံးနေမှုကို ရပ်တန့်အောင် ထိန်းချုပ်ပြီး ရောဂါပျောက်ကင်း အောင် ကုသပေးနိုင်ခဲ့သည်။ သူ သည် နာဂဒေသ၊ လဟယ်မြို့ နယ်၊ ကာရော်နောက်ညိုကျေးရွာ ကျန်းမာရေးဌာနတွင် ကျန်းမာ ရေးမှူး (Health Assistance)အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ဦးသန့်ဇင်ဦးသည် သေဆုံးမှု များကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပျောက်ကင်းကင်းစင်အောင် ကု သနိုင်ရန်တို့ကို လွယ်လင့်တကူ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ကူးစက်ရောဂါပြင်းထန်စွာ ဖြစ် ပွားနေသဖြင့် ရွာသူရွာသားများ နေ့စဉ်နှင့်အမျှ သေဆုံးနေမှု၊ ရွာ သူရွာသားများ၏ကျန်းမာရေးအ သိပညာအားနည်းမှု၊ ဆက်သွယ် ပြောဆိုရန် ဘာသာစကားခက်ခဲ မှု စသည့်ကြီးမားသော ကန့်သတ် ချက်များကို စိတ်ရှည်သည်းခံ ခြင်း၊ မေတ္တာ၊ စေတနာ၊ အနစ် နာနှင့်ကိုယ်ချင်းစာစိတ်ထားရှိ ခြင်း၊ စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်ခြင်း၊ မိမိအလုပ်တာဝန်အပေါ် စိတ် ရောကိုယ်ပါ မြှုပ်နှံ၍ မဆုတ်မနစ် ကြိုးစားအားထုတ်ဆောင်ရွက် ခြင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ သောကြောင့် ယခုကဲ့သို့ အောင် မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဂုဏ် ပြုလွှာတွင် ရေးသားထားသည်။

‘‘မိမိပခုံးပေါ်သို့ ကျရောက် လာသော တာဝန်အရ ထမ်းရွက် ရခြင်းဖြစ်သော်လည်း ဦးသန့်ဇင် ဦးသည် နေ့စဉ်ရက်ဆက်သေဆုံး မှုများ ရှိနေသည့် ရောဂါကူးစက် ကျရောက်မှုအပြင်းထန်ဆုံးအခြေ အနေကို အခက်အခဲမျိုးစုံကြားမှ မိမိတတ်ကျွမ်းသည့် ပညာရပ်အ ပေါ် ယုံကြည်မှုခိုင်မာစွာဖြင့် မ ဆုတ်မနစ် ဦးလည်မသုန်ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်’’ဟု ဂုဏ် ပြုလွှာတွင် ရေးသားထားသည်။

စက်တင်ဘာအတွက် ရွေး ချယ်ခံရသည့် ဦးသန်းထိုက်ကျော် မှာမူ ပြည့်စုံကုံလုံသည့်မိသားစု မဟုတ်သော်လည်း တန်ဖိုးကြီး မားလှသည့်ပစ္စည်းများ လက် ဝယ်တွေ့ရှိရာတွင် မိမိ မိသားစု အကျိုးစီးပွားဖြစ်ရေးကို စိုးစဉ်းမျှ မစဉ်းစားဘဲ အခြေခံကိုယ်ကျင့် သီလလုံခြုံစွာဖြင့် ကိုယ်ချင်းစာတရားအပြည့်အဝထားကာ ဖြူစင်ရိုးသားမှု အရင်းခံလျက် ဆောင်ရွက်ခဲ့ကြောင်း  အတိုင်ပင်ခံပုဂ္ဂိုလ် က အသိအမှတ်ပြုသည်။

ဦးသန်းထိုက်ကျော်၏ဆုံး ဖြတ်ဆောင်ရွက်ချက်သည် မြန် မာ့လူ့ဘောင်အဖွဲ့အစည်းအ တွင်း ကိုယ်ကျင့်သီလနှင့် ပတ် သက်၍ အံ့သြဖွယ်ရာ၊ လေးစား ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ၊ အတုယူ ဖွယ်ရာအဖြစ် မှတ်တမ်းတင် လိုက်သည့် လုပ်ဆောင်ချက်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ‘‘သမ္မာအာဇီဝကျ ကျ အသက်မွေးဝမ်းကျောင်း လျက် ရိုးသားစွာရပ်တည်ခြင်း သည် နိုင်ငံအကျိုးစီးပွားကာကွယ် ရေး၏အခြေခံကျသော ပြယုဂ် တစ်ခုအဖြစ်လည်း မှတ်ယူထိုက် ပါသည်’’ဟု ရေးသားထားသည်။

သာကေတမြို့နယ်တွင် နေ ထိုင်ပြီး အငှားယာဉ်မောင်းနှင်၍ အသက်မွေးဝမ်းကျောင်းလျက်ရှိ သူ ဦးသန်းထိုက်ကျော်အား ပစ္စည်းပိုင်ရှင်က ယာဉ်ငယ်တစ်စီးပေး အပ်ချီးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်မေလမှစ၍ နိုင်ငံအတွက် နိုင်ငံသားစိတ်ဓာတ်အရင်းခံဆောင်ရွက် သည့် ပရဟိတစေတနာရှင်များ နှင့် လူမှုရေးအသင်းအဖွဲ့များအ နက် ချီးကျူးဂုဏ်ပြုထိုက်သူတစ် ဦးချင်း(သို့မဟုတ်)အသင်းအဖွဲ့တစ်ခုခုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ပြည်သူသို့ ကျေးဇူးတင်လွှာဖြင့် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ လစဉ် ရွေးချယ်ဂုဏ်ပြု လျက်ရှိသည်။

ဇူလိုင်အတွက် ချီးကျူးဂုဏ် ပြုထိုက်သူအဖြစ် ငါးကင်ရောင်း ပြီး အခမဲ့စာကြည့်တိုက်များတည် ထောင်ခဲ့သူ ကိုဇော်ဇော်က ရရှိခဲ့ သည်။

ဇွန်လအတွက် ချီးကျူးဂုဏ် ပြုထိုက်သူအဖြစ် မွေးရာပါလက်နှစ်ဖက်မပါရှိသော်လည်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုအောင် မြင်အောင်ဖြေဆိုနိုင်ခဲ့သူ မနော် ဒါးခူကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့သည်။

မေလအတွက် ဆုကိုမူ အ များအကျိုးဆောင်ရွက်နေသည့် အသင်းအဖွဲ့များအနက် သောက် သုံးရေရှားပါးပြတ်လပ်နေသော ပြည်သူများအတွက် ထိထိရောက် ရောက် ကူညီဆောင်ရွက်ပေးခဲ့ သည့် ရှင်ရေးကူညီမှုအသင်း (NOBLE HEART) အား ရွေးချယ်ခဲ့သည်။

သင်္ကြန်ကာလအတွင်းက လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ကျေးဇူးတင်လွှာကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ သည်။ ကျေးဇူးတင်လွှာတွင် အ သင်းအဖွဲ့တစ်ဖွဲ့တည်းကိုမဟုတ် ဘဲ နိုင်ငံသူနိုင်ငံသားအားလုံးနှင့် သင်္ကြန်ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့ကြသော အစိုးရ ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များကို ကျေးဇူးတင် ကြောင်း ပါရှိသည်။

No comments: