Saturday, October 8, 2016

တောင်ကြီးအဝင် ၄ မိုင်တွင် ပရိုဘောက်ယာဉ် မီးလောင်



(တောင်ကြီး၊ အောက်တိုဘာ ၇)

လွိုင်​လင်​မှ ​တောင်​ကြီးသို့ ​မောင်းနှင်​လာ​သော ပရို​ဘောက်​မော်တော်ယာဉ်​ တစ်စီးသည်​ ​တောင်​ကြီးမြို့  အဝင် ၄ မိုင်တွင် ယနေ့ အောက်တိုဘာလ ၇ ရက် ညနေ ၅ နာရီကျော်ခန့်က ကားဝါယာ​ရှော့ဖြစ်​ကာ မီး​လောင်​ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်အား​​ မောင်းနှင်သူမှာ ထွက်​​ပြေးတိမ်​​ရှောင်​နေလျှက်ရှိကာ မီးလောင်နေသည့်ယာဉ်​အား မီးသတ်​တပ်​ဖွဲ့ မှ မီးငြိမ်းသတ်ပေးခဲ့ပြီး မီးလောင်မှုကြောင့် တစ်စုံတရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

Kanbawza Tai News Journal

No comments: