Tuesday, November 29, 2016

တယ်လီဖုန်းအသုံးပြုမှု ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိလာ





ပြည်တွင်း တယ်လီဖုန်းအသုံးပြုမှု ၉၀ ရာခိုင်နှုန်းကျော်အထိရှိလာကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးသည် (၁၆) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့် ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်းအသုံးပြုနိုင်မှုသည် ၂၀၁၀-၁၁ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ယနေ့အချိန်တွင် (၉၀) ရာခိုင်နှုန်းကျော်အထိ တိုးတက်လာကြောင်းနှင့် ကျေးလက်ဒေသများအထိ ဆက်သွယ်မှုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် Universal Service Fund ကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

No comments: