Friday, November 25, 2016

မင်းပြား၌ ဆေးလိပ် သောက်၍ ဓာတ်ဆီ ထည့်ရာမှ မီးလောင်၊ လူ ငါးဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဆေးလိပ် သောက်၍ ဓာတ်ဆီ ထည့်ရာမှ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်၊ ဆိုင်ခန်း ၂၀ ကျော် မီးလောင် ပျက်စီးကာ လူငါးဦး အပြင်းအထန် ဒဏ်ရာ ရကြောင်း အဆိုပါမြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ထွန်းမြက ပြောကြားသည်။

ဦးစိုးတင့် ရပ်ကွက်ရှိ ဓာတ်ဆီပါ တွဲရောင်းသည့် ကုန်စုံဆိုင်မှ အလုပ်သမား ဖြစ်သူသည် ဆေးလိပ် သောက်၍ ဓာတ်ဆီ ထည့်ရာ ယင်းသို့ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး နေအိမ်ဆိုင်ခန်း ၁၁ ခန်း၊ နေအိမ် တစ်လုံး၊ ဈေးဆိုင်ခန်း ၁၀ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာသူများတွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား သုံးဦး ပါဝင်ပြီး ထင်ရာ ပြင်းထန်သဖြင့် စစ်တွေမြို့သို့ အမြန် ရေယာဉ်ဖြင့် ပို့ဆောင်နေပြီဖြစ်ကြောင်း မင်းပြားမြို့ခံ တစ်ဦးဖြစ်သူ ဦးခင်ဇော်ဝင်းက ပြောကြားသည်။

THE VOICE

No comments: