ယနေ့ ပြည်ထောင်စုလမ်းမကြီးတလျှောက်ကား
အသွားအလာများနေပြီ။
အတက်ဖရဲ 'ပြောင်း ကားများသည်။တွဲကား
တွေကတော့သင့်သည့်နေရာတွေမှာနားနေရင်းသိန္နီ
တံတားအပြီးကိုနားစင့်နေကြသည်။သက်ဆိုင်ရာများ
ကလည်းအထူးကြိုးစားပေးနေသည်ဟုသိရပါသည်။
တံတားပြီးစီးပါကယာဉ်မောင်းများသိရှိနိုင်ရန်အချိန်
နှင့်တပြေးညီသတင်းထုတ်ပြန်ပေးဖို့တော့လိုပါမည်။
ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားတတ်ပြီးကားကြီး
များအတက်အဆင်းသတိထားနေရသည့်ဝက်ဝံဈေး
ကုန်းကွေ့ နှင့်ရေသရောက်အဆင်းနတ်စင်ကွေ့ များ
ကိုလမ်းချဲ့ ဖြိုချပေးနေ၍ဝမ်းသာရပါသည်။အလယ်က
ဓာတ်တိုင်ဖယ်ပြီးလျှင်လွတ်လပ်စွာသွားနိုင်ပြီ။
ဘာဘဲပြောပြော ပြည်ထောင်စုလမ်းမကြီးကတော့
စီးဆင်းနေမြဲပင်။
ယာဉ်မောင်းများကျည်ဆံအန္တရာယ်မှကင်းဝေးစေဖို့ 
ဆန္ဒပြုပေးလိုက်ရပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, November 27, 2016
ဘာဘဲပြောပြော ပြည်ထောင်စုလမ်းမကြီးကတော့ စီးဆင်းနေမြဲပင
Subscribe to:
Post Comments (Atom)
No comments:
Post a Comment