Sunday, November 27, 2016

ပွိုင့် ၁၁၅၈ စခန်းသိမ်းအောင်ပွဲ ★ ★ ★ ★ ★ ★ ★ ★


24-11-2016
မန်ဟုတ် - မန်မိုင်း နယ်မြေ
တမခ ၃၃ လက်အောက်ခံ ခလရ(  … ) တပ်ရင်းဟာ
ရန်သူအင်အား ၂၂၀ ခန့်ရှိ ပွိုင့် ၁၁၅၈ ကိုရင်ဆိုင်ထားတယ်။
နေ့လည် ၁နာရီခွဲ အချိန်မှာ ရန်သူနဲ့ တိုက်ပွဲစဖြစ်တယ်။

မြေအနေထား အရ ရန်သူက အသာစီးရတဲ့အနေအထားပါ။
မိမိတပ်မတော်ဘက်မှလည်း မရ ရအောင်တိုက်မယ်ဆိုတဲ့ သံမဏိစိတ်ဓာတ်ဖြင့် တိုက်ခိုက်ခဲ့ကြတယ်။
ညနေ ၄ နာရီခွဲလောက်မှာတော့  တပ်မတော်လေမှ ဗုံးကြဲလေယာဉ်အုပ်ဖွဲ့တွေရောက်ရှိလာပြီး ရန်သူ့တောင်ကုန်းကို Rocket တွေနဲ့ပစ် ဗုံးတွေနဲ့ကြဲ လုပ်ပလိုက်တယ်။
အဲ့လိုကြဲပြီးတာနဲ့ မိမိတပ်မတော်ရဲ့ခြေလျင်စစ်သည်တွေ က ရှေ့ကို မရ ရအောင်တတ်ပြီးတိုက်တယ်။တပ်မတောလေမှ ရန်သူရဲ့နောက်ကျောဘက်ကို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၂ စီး နဲ့စစ်ကူ စစ်သည်တွေ ချပေးသွားတယ်။
ညနေ ၆နာရီခွဲလောက်မှာ စစ်ကူပစ်ကူနဲ့ စခန်းကုန်းကို ကျားထိုး
သိမ်းပိုက်လိုက်နိုင်တယ်။

မိမိ တပ်မတော်ဖက်မှ အရာရှိ ၁ ယောက် စစ်သည် ၃ ယောက် ကျတယ်။
ရန်သူ့ ဘန်ကာ နဲ့ ခံစစ်ဗဟို ကို ဗုံး တိုက်ရိုက်ထိတယ်။ပွဲအပြီးမှာ ရန်သူ့ အလောင်း ၂၅ လောင်း နဲ့ပွိုင့် ၁၁၅၈ ရန်သူအခြေပြုထားတဲ့ စခန်းကုန်းကို ရရှိတယ်။
လက်နက်မဲ့ ပြည်သူကို နှိပ်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ နိဂုံး အဆုံးသတ်ကတော့ "ကျရှုံးခြင်းမှတပါး အခြားမရှိပါပြီ"။
CKKM

No comments: