Thursday, November 24, 2016

ပညာရှင်​များလွှတ်​​တော်​ထဲ​ရောက်​ဖို့ကူညီ​ပေးကြပါ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏


ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ပြည်​သူ့လွှတ်​​တော်​အတွက်​ အမျိုးသားတိုးတက်​​ရေးပါတီ(NDP)မှ မုံရွာက​နေ ဝင်​​ရောက်​အ​ရွေးခံပါမယ်​။ ​ဒေသခံ​နေထိုင်​သူ ဝင်​​ရောက်​​စေချင်​​ပေမယ့်​ လူရှာမရ၊ ရသူကလည်း ပါတီရဲ့ သတ်​မှတ်​ချက်​နဲ့ မကိုက်​ညီတဲ့အတွက်​ ​နေရာလည်း ဝင်​မပြိုင်​ပဲ လပ်​မသွား​စေဖို့ ကိုယ်​တိုင်​ ဝင်​​ရောက်​အ​ရွေးခံမှာ ဖြစ်​ပါတယ်​။

ငယ်​စဉ်​က ချင်းတွင်းမြစ်​ကမ်းနဖူးကခြံ မုံရွာ​ကွေ့ကြီးမှာ​နေခဲ့ပြီး ​ချောင်းဦးသို့​ပြောင်း​ရွှေ့ခဲ့ကာ ​ချောင်​ဦး အထကမှ အထက်​တန်း​အောင်​မြင်​ခဲ့ပြီး မုံရွာ​ဒေသ​ကောလိပ်​တက်​ခဲ့ပါတယ်​။ ထိုစဉ်​က ဘုန်းစိုးရပ်​မှာ ​နေခဲ့ပါတယ်​။ ထို့​နောက်​ မန္တ​လေးတက္ကသိုလ်​မှာ ဆက်လက် ​​တက်​​ရောက်​ခဲ့ပြီး ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်​။ ဗဟိုဝန်​ထမ်းတက္ကသိုလ်​၊ စီမံခန့်​ခွဲမှုပညာဌာနတွင်​ တာဝန်​ထမ်း​ဆောင်​​နေစဉ်​ နှစ်​နိုင်​ငံအစီအစဉ်​အရ တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ အစိုးရ၏ ပညာသင်​ဆုအရ ၂၀၁၁ မှာ  ပညာ​တော်​သင်​ သွား​ရောက်​ခဲ့ပြီး ၂၀၁၂ မှာ ​ပေကျင်း ချင်းဟွာ(Tsinghua) တက္ကသိုလ်​က နိုင်​ငံတကာ ပြည်​သူ့အုပ်​ချုပ်​​ရေးမဟာဘွဲ့ International Master of Public Administration (IMPA) ရယူခဲ့ပါတယ်​။ ၂၀၁၃ ခုနှစ်​မှာ မမျှတ​သော၊ အာဏာရှင်​ဆန်​​သော နိုင်​ငံ ဝန်​ထမ်း​လောကမှ ပြန်​တမ်းဝင်​အရာရှိရာထူးကို စွန့်​လွှတ်​ခဲ့ပါတယ်​။ မုံရွာမှာ ပါတီတိုင်းရုံးဖွင့်​လှစ်​ပြီးရင်​​တော့ မုံရွာမှာ အ​ခြေစိုက်​ပြီး စီမံ/စီးပွား သင်​တန်း​ကျောင်းဖွင့်​လှစ်​​နေထိုင်​သွားဖို့ ရည်​ရွယ်​ထားပါတယ်​။

မုံရွာမှ ဆရာသမားများ၊ ​ဆွေမျိုးသားချင်းများ၊ သူငယ်​ချင်းများ၊ မိတ်​​ဆွေများ၊ တပည့်​များ၊ ရပ်​​ဆွေရပ်​မျိုးများ အကူအညီ ​ပေးကြပါဦးလို့ ​မေတ္တာရပ်​ခံပါရ​စေ။

No comments: