Monday, November 28, 2016

မိတ်​​ဟောင်း​ဆွေ​ဟောင်း မိတ်​​ဆွေ​ကောင်း ~~~~~~~~~~~~~~~~~~~~~~


ဖထီးတို့တွေ နေပြည်တော်ရောက်တုန်း
ကျနော့်ကို သတိတရနဲ့လာနှုတ်ဆက်ကြတာအတွက်
အရမ်းကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်
ဆောင်ရွက်နေဆဲဖြစ်တဲ့ NCA ကိုအခြေခံသော
တွေ့ဆုံဆွေးနွေးမှုတွေရဲ့အောင်မြင်မှုကို
စတင်မွေးဖွားတာဝန်ယူခဲ့သူအဖြစ်နဲ့ရော
သာမန်ပြည်သူတစ်ယောက်အဖြစ်နဲ့ပါ
ကောင်းသတင်းတွေကိုအမြဲတမ်းနားစွင့်နေပါတယ်တဲ့

ကျနော့်အိမ်က ဒီနေရာနဲ့လမ်းလေးပဲခြားပါတယ်
မိတ်ဆွေတွေအဖြစ်နဲ့ အချိန်မရွေးလာလည်ကြပါ
အမြဲတမ်း ဖိတ်ခေါ်ပါတယ်

ကိုယ်ပိုင်အချိန်လေးတွေရလာပြီဆိုတော့
တရားဓမ္မကိုပိုလုပ်ဖြစ်ပါတယ်
ကျမ္မာရေးအတွက် လှုပ်လှုပ်ယှားယှားဖြစ်အောင်
သစ်ပင်စိုက်ရေလောင်းပေါင်းသင်နဲ့
ကိုယ်ဖတ်ချင်တဲ့စာအုပ်လေးတွေဖတ်နိုင်ပါပြီ
ဘာဖိအားမှမရှိတော့တဲ့ဘဝမှာအေးချမ်းနေပါပြီ
ကျနော်က ပြီးဆုံးသည်အထိ လုပ်ပေးခွင့်မရပဲ
ဖထီးတို့ပုခုံးအပေါ်ကို အထုပ်ကြီးတစ်ထုပ်
တင်ပေးထားခဲ့တာကို ဆက်လုပ်ပေးကြပါဦး

ဖထီးကြီးကျမ္မာနေဘို့ လိုအပ်ပါတယ်
လက်ဆောင်အဖြစ်ပေးပေးပါလို့ ကျနော့်ဇနီးက
ငှက်သိုက်ဗူးလေးထည့်ပေးလိုက်ပါတယ် ......တဲ့.......။

...................ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကနေအနားရ၊
ဖိအားတွေရဲ့ဒဏ်ကနေကင်းလွတ်ပြီး
ပုဂ္ဂိုလ်တစ်ဦးချင်းအမြင်မှာ
ငြိမ်းချမ်းနေတာကိုတွေ့မြင်ရတာမို့
သမ္မတကြီးအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

ကျွန်​တော့် ​အနေနဲ့ သမ္မတကြီးဘယ်လိုဘဝရောက်ရောက်
သမ္မတကြီးကို သမ္မတကြီးလို့ပဲခေါ်ပါရစေ
သမ္မတကြီးစတင်ခင်းပေးခဲ့တဲ့ လမ်းမှန်ပေါ်မှာ
ကျနော်တို့ဆက်လျှောက်သွားပါ့မယ်လို့လည်း
ကတိပေးပါတယ်
အချိန်လေးကြာလာတဲ့အခါမှာ
အချို့သောကိစ္စလေးတွေအချို့က
လမ်းချော်သွားနိုင်တာမျိုးဖြစ်လာနေလို့
မမှားရလေအောင် တည့်မတ်အောင်တင်ပြပေးဖို့
နေပြည်တော်ကို ရောက်တုန်းရောက်ခိုက်မှာ
မိတ်ဆွေဟောင်းလည်းဖြစ်
မိတ်ဆွေကောင်းလည်းဖြစ်တဲ့
သမ္မတကြီးကို တွေ့ဆုံနှုတ်ဆက်ချင်တာပါ
အပူပင်သောကတွေပေးဖို့မရှိပါဘူးခင်ဗျာ
ကျနော့်ဘက်ကတော့ နောက်တစ်ကြိမ်ဆုံမှ
ပျားရည်စစ်စစ်လေးပေးပါ့မယ်  ......တဲ့ ။

ပျော်ရွှင်အေးချမ်းတဲ့တွေ့ဆုံမှုလေးမှာ
ခင်မင်ရင်းနှီးခဲ့ကြတဲ့မိတ်ဆွေတွေကိုလည်း
ဘိတ်ကြားချင်ပေမဲ့ အားလုံးကခရီးလွန်နေကြလို့
ကျနော်တစ်ယောက်ပဲတွေ့လိုက်ရတာကို
နားလည်ပေးပါဖထီး တဲ့.............။

အဘိုးမူတူးစေဖိုးက
နာလည်ပါကြောင်း သမ္မတကြီးကျမ္မာပါစေ
ကျနော်တို့ကတော့ မပြီးဆုံးသေးတဲ့ခရီးကို
အထုပ်တစ်ထုပ်နဲ့ဆက်သွားရဦးမယ်ခင်ဗျာလို့
ပြောဆိုပြီးထွက်ခဲ့တဲ့အချိန်မှာ
သမ္မတကြီးဦးသိန်းစိန်က
လက်ပြနှုတ်ဆက်ရင်းကျန်နေရစ်ခဲ့ပါတော့တယ်ခင်ဗျား)-:)-:)

Ngwe soe

No comments: