ရန်ကုန်မြို့တွင်းမှာ ရပ်နားတဲ့ ကားတွေကို ကားပါကင်ကြေး ပြန်လည်ကောက်ယူဖို့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတနေအိမ်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းညှိနှိုင်း အစည်းအဝေးအပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။ ဒီလိုပြုလုပ်တာဟာ ရန်ကုန်မှာရှိနေတဲ့ လမ်းဘေးက ကားတွေကို ကားပါကင်ထဲ စနစ်တကျရောက်ရှိသွားဖို့ ကြိုးစား တာဖြစ်ပါတယ်။
ကားပါကင်ကြေးမကောက်ခံတဲ့အတွက် ကားတွေကို အိမ်ခန်းပိုင်ရှင်တွေရဲ့အိမ်ရှေ့တွေမှာ တစ်နေကုန်ရပ်နားထားသလိုဖြစ်ပြီး အိမ်ရှင်တွေ အခက်အခဲတွေ တွေ့နေရတာဖြစ်ပါတယ်။
No comments:
Post a Comment