မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအနက် ဗီဇာ စည်းကမ်းဖောက်ဖျက်၍ ပြစ်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၁၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းအတွင်းသို့ ယခုနှစ်အတွင်း တစ်လလျှင် နိုင်ငံခြားသားအရေအတွက် ၁၂,၀၀၀ ကျော် ဝင်ရောက်ပြီး ဇန်နဝါရီမှ နိုဝင်ဘာလလယ်အထိ နိုင်ငံခြား သားများ လိုက်နာရန် သတ်မှတ် ထားသည့် စည်းကမ်းများဖောက် ဖျက်သည့် နိုင်ငံခြားသား ၁၈ ဦး ရှိခဲ့ရာ ၁၃ ဦးမှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ စုံစမ်းသိရသည်။
‘‘ကမ္ဘာလှည့်ရော၊ စီးပွားရေးဗီဇာတွေ အများဆုံးက တရုတ် နိုင်ငံသားတွေများတယ်။ တရုတ် နိုင်ငံသား တစ်လကို ၇,၀၀၀ ကျော်လောက်ရှိတယ်။ တချို့ တရုတ်နိုင်ငံသားတွေဆိုရင် နေအိမ်တွေမှာ ငှားပြီးနေတယ်။ ပြဿနာတစ်စုံတစ်ရာတက်မှ စစ် ဆေးပေါ်ပေါက်တာတွေရှိတယ်။ ဒါကြောင့် ရပ်ကွက်နေတဲ့သူတွေအနေနဲ့ နိုင်ငံခြားသားနဲ့ပတ်သက်လို့ မသင်္ကာစရာတစ်စုံတစ်ရာ တွေ့ရင် သက်ဆိုင်ရာ ရဲစခန်းကို သတင်းပေးပို့စေချင်တယ်’’ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနမှ ဒုညွှန်ကြား ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
တရုတ်နိုင်ငံသား အများဆုံး လာရောက်ပြီး ထိုင်းနိုင်ငံသားဒုတိယအများဆုံး ဝင်ရောက်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီနှင့် ဩစတြေးလျနိုင်ငံသားတို့ လည်း လာရောက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်လာသော နိုင်ငံခြား သားများအနက် တစ်လလျှင် ကမ္ဘာလှည့် ၇,၀၀၀ ကျော်၊ လုပ် ငန်းဗီဇာ ၂,၇၀၀ ကျော်၊ လူမှုရေး ဗီဇာ ၇၀ ဦးခန့်၊ သံတမန်ဗီဇာ ၂၀ ဦးခန့်၊ အခြားဗီဇာ ၂,၀၀၀ ကျော် စုစုပေါင်း ၁၂,၀၀၀ ကျော်ရှိ ကြောင်း တိုင်းဒေသကြီး လဝက ဦးစီးဌာနမှတ်တမ်းအရ သိရ သည်။
မန္တလေးတိုင်းတွင် ၂၀၁၅ က ဗီဇာစည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသား ၃၈ ဦးကို ပြည်နင်ဒဏ်ပေးပြီး အမည်ပျက်စာရင်း သွင်းခဲ့သည်။7day
No comments:
Post a Comment