ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဝင်ရောက်လာလို့ ထိန်းသိမ်းထားတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ဘင်္ဂါလီ နှစ်ထောင်ကျော်ဟာ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး တစ်ညတည်းမှာ ခန့်မှန်းခြေ ၅၀၀ လောက် ဝင်ရောက်တာမျိုးရှိနေပါတယ်။
လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်စပ်ဂိတ်ကို ပိတ်ဆို့ထားပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတွေက နယ်စပ်ဂိတ်ဖွင့်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်တဲ့ ကော့ဘဇားမြို့ရဲတပ်ဖွဲ့ကတော့ လက်ရှိမှာ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ဘင်္ဂါလီ ၇၀ ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းထားသူတွေကိုလည်း နယ်စပ်ကနေတစ်ဆင့် ပြန်ပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ မောင်တောခရိုင်က နယ်ခြားစောင့်စခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂါလီ ၄၀၀ လောက် ရှိပါတယ်။
No comments:
Post a Comment