Friday, November 25, 2016

ချင်းတွင်းမြစ်ထဲ လူနှစ်ဦး ရေနစ် ပျောက်ဆုံး


 

ကုန်တင်ရေယာဉ်ကိုယ်စားလှယ်တစ်ဦး မျက်နှာသစ်စဉ် ခြေချော်၍ ချင်းတွင်းမြစ်ထဲပြုတ်ကျရာ ရေလုပ်သားက လိုက်ဆယ်စဉ် နှစ်ဦးစလုံး ရေနစ်မုံရွာ နိုဝင်ဘာ ၂၄

မုံရွာမြို့ ရုံးကြီးရပ်ကမ်းနားလမ်းချောင်းပေါက်ဆိပ်တွင် နိုဝင်ဘာ ၂၃ ရက်က ဆိုက်ကပ်ထားသော ကုန်တင်အမြန်ရေ ယာဉ်ပေါ်မှ ရေယာဉ် ကိုယ်စားလှယ်တစ်ဦး မျက်နှာသစ်စဉ် ခြေချော်ပြီး ချင်းတွင်းမြစ် အတွင်းပြုတ် ကျသွား၍ ရေယာဉ်လုပ်သားက လိုက်လံဆယ် ယူရာ မြစ်လယ် တွင် နှစ်ဦးစလုံးဖက်လျက် မြုပ်သွားကြောင်း သိရ သည်။

ကုန်တင်အမြန်ရေယာဉ်ပေါ်မှ မော်တော်လုပ်သားနှစ်ဦး ချင်းတွင်းမြစ် အတွင်း ပြုတ်ကျမျောပါသွားကြောင်း သတင်းအရ တာဝန်မှူး ရဲအုပ်နိုင်စိုးနှင့် အမြန်ရေယာဉ် စစ်ဆေးရေးအဖွဲ့မှ ရဲအုပ်ဇော်ဇော်တို့ သွားရောက် စစ်ဆေးရာ ဇော်မျိုးမင်း မုံရွာ-နန့်တောကုန်တင် အမြန် ရေယာဉ်မှ ကိုယ်စားလှယ် ဇင်မင်းထွန်း(ခ) အရှည်ကြီးသည် ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသောမော်တော်ပေါ်မှ မျက်နှာသစ်စဉ် ခြေချော်ပြီး မြစ် တွင်းပြုတ်ကျသွားသဖြင့် ကုန်တင်ရေယာဉ်လုပ်သား အောင်ကြီးက လိုက်လံဆယ်ယူရာ မြစ်လယ်တွင် နှစ်ယောက်ဖက်လျက် နစ်မြုပ်သွားကြောင်း သိရသည်။ နစ်မြုပ်သွားသူနှစ်ဦးအား ဆယ်ယူရရှိရေးအတွက် အနီးဝန်းကျင်ရှိ စက်လှေလုပ်သားများက ဝိုင်းဝန်းရှာဖွေနေသော်လည်း ရှာဖွေတွေ့ ရှိခြင်းမရှိသေး ကြောင်း မုံရွာမြို့မရဲစခန်းမှူးထံမှ သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)
MOI Webportal Myanmar

No comments: