Friday, November 25, 2016

မူဆယ်-လားရှိုးလမ်းပိုင်းတွင် ကားခ တစ်ဦးလျှင် ကျပ်သုံးသိန်း အထိပေး၍ သွားလာနေရ


===============================
၂၅..၁၁..၁၆
-
လားရှိုးလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်များမပြေးဆွဲ တော့၍ လူ
တစ်ဦးလျှင် ကျပ်သုံးသိန်းအထိပေးကာ ယာဉ်ငယ်များ ဖြင့် သွားလာနေရကြောင်း သ တင်းရရှိသည်။
-
ယခင်က မူဆယ် − လားရှိုးလမ်းပိုင်းကို ယာဉ်ငယ်ဖြင့် သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျင် ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ပေးရသော်လည်း ယခုအခါတစ်ဦးလျှင် သိန်းဂဏန်းအထိပေးပြီး သွားလာနေရကြောင်း သိရသည်။
-
မူဆယ် - လားရှိုး ပြည် ထောင်စုလမ်းပိုင်းတွင် လက်နက် ကိုင်အဖွဲ့
များ၏ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၄ ရက်အထိ လူနှစ်ဦး သေဆုံး
ခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ သည်။
-
မူဆယ်-ကွတ်ခိုင်ကြား နန့် အွန်ကျေးရွာအနီး ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ယာဉ်မောင်းတစ်ဦး၊ ယာဉ် နောက်လိုက်တစ်ဦး သေဆုံးခဲ့ သည်။
-
ယင်းအခြေအနေများ ကြောင့် ခရီးသည်တင် ယာဉ်လိုင်းများပုံမှန်
ပြေးဆွဲခြင်းမရှိ၍ သွားလာရေး ခက်ခဲနေကြောင်း မန္တလေး-မူဆယ် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောသည်။
-
‘‘ကျွန်တော်တို့မူဆယ်ဘက် ကို ဒီရက်ပိုင်းမတက်တော့ဘူး။ အပစ်ခံနေရတာတွေဖြစ်နေတော့ ကားသမားတွေလည်း မတက်ရဲ ဘူး။ သက်ဆိုင်ရာကလည်း တား ထားတယ်။ ဒီလိုအချိန်မှာတော့ကားမောင်း
ရဲတဲ့ သူတွေက တောင်းတော့မှာပဲ’’ဟု ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။
-
‘‘ကျွန်တော့်ရှေ့တင် သုံး သိန်းတောင်းတာ။ သွားချင်တဲ့လူ ကလည်း ပေးလိုက်ရတာပဲ။ လမ်းမှာ အချိန်မရွေး အပစ်ခံရနိုင်ပေ မယ့် ဒီလိုမသွားရင် ဘယ်လိုလုပ် ကြမလဲ။ ဒီအတိုင်း ကြာရှည်သွားရင် မချောင်ဘူး’’ဟု မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်တွင် နေထိုင်သူ ကိုဝင်းဆွေက ပြောသည်။
-
ပစ်ခတ်မှုသည် မူဆယ်-ကွတ် ခိုင်လမ်းပိုင်းတွင် အများဆုံးဖြစ် ပွားနေပြီး နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်း   နေ့စဉ်လိုလိုဖြစ်ပွား နေသည်။
-
ပစ်ခတ်ခံထားရ၍ ပျက်စီး နေသော ကုန်တင်ယာဉ်၊ ခရီးသည်
တင်ယာဉ်နှင့် အိမ်စီးယာဉ် ဆယ်စီးထက်မနည်း ယင်းလိုင်း ပိုင်းတွင် တွေ့ခဲ့ရသည်။
======
7 DAY

No comments: