=============================
၂၄..၁၁..၁၆
-
NLD အစိုးရ စတင်တာဝန်ယူ သည့် ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာ လလယ်အထိ လဝကဝန်ထမ်း ပေါင်း ၄ဝ ကျော် အရေးယူခံထား ရသည်ဟု သိရသည်။
-
တိုင်တန်းလာမှု၊ စစ်ဆေးတွေ့ ရှိမှု တို့ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက အရေးယူလိုက်ခြင်း ဖြစ်ပြီး ထိုအရေအတွက်သည် ပြီး ခဲ့သည့် အစိုးရ
ဟောင်းလက်ထက် က နှစ်စဉ် အရေးယူခံလိုက်ရသည့် ပမာဏထက် ပိုများနေသည်ကို တွေ့ရသည်။
-
ပြောရေးဆိုခွင့်ရှိ အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့
အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြီးခဲ့ သည့်နှစ်က အရေးယူခံလိုက်ရသည့် လဝက ဝန်ထမ်းအရေအတွက်
သည် တစ်နှစ်လုံးပေါင်းမှ ၃ဝ ခန့်သာရှိ ကြောင်း၊ ယခု ရှစ်လတာ အတွင်း ၄ဝ ကျော် အရေးယူခံထားရ၍ အရေအတွက်များများ အရေး
ယူခံ ထားရသည်ဟု ပြော၍ရကြောင်း ပြောသည်။
-
အရေးယူ ခံလိုက်ရသည့် လဝက ဝန်ထမ်းတို့သည် တိုင်းဒေ သကြီးနှင့် ပြည်နယ်အစုံတို့တွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းတို့
ဖြစ်ကြပြီး အရာရှိအ ဆင့်မှစကာ အမှုထမ်းအဆင့်အထိ ဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန် က ဆက်ပြောသည်။
-
”လုပ်ထုံးလုပ်နည်း လွဲမှားတာ တွေ၊ ဥပဒေကိုကျော်လွန်ပြီး လုပ် ဆောင်တာတွေကို သူတို့က(အရေး ယူခံ လိုက်ရသူများ) လုပ်ကြ တယ်”ဟု ၄င်းက ရှင်းပြသည်။
-
လက်ရှိ အရေးယူခံလိုက်ရသည့် သူတို့ထဲတွင် အချို့မှာ လက်မှတ် ထိုးကာ ထုတ်ပေးခွင့်မရှိသည့်အ ရာများကို လုပ်ဆောင်ခြင်း၊ မှတ် ပုံတင် မရသင့် မရထိုက်သူများကို ထုတ်ပေးခြင်း အစရှိသည့် လုပ်ရပ် များကိုပါ လုပ်ဆောင်ကြောင်း သတင်းရရှိသည်။
-
ဦးမြင့်ကြိုင်က ”မှတ်ပုံတင် မရသင့် မရထိုက်သူတွေကို အရာ ရှိတွေက ထုတ်ပေးခဲ့ရင် ကျွန်တော် တို့က လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်သိမ်း
ပါတယ်။ ထုတ်ပေးတဲ့သူ ကိုလည်း အရေးယူပါတယ်။ပြန် သိမ်းလိုက်တဲ့ မှတ်ပုံတင်ကိုလည်း ဖျက်ဆီးလိုက်ပါတယ်” ဟု ပြော သည်။
-
အရေးယူပုံ အမျိုးအစားများ ကို ဝန်ကြီးဌာနက ထုတ်ဖော်မပြော ခဲ့ပေ။ လဝက ဦးစီးဌာနသည် ယခင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာနအောက် တွင် ရှိခဲ့သော်လည်း အစိုးရသစ်က အလုပ်သမားနှင့် လဝကကိုပေါင်း ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
-
ပြည်ထောင်စုဝန်ကြီး အသစ် ဦးသိန်းဆွေက ၄င်းစတင် တာဝန် ထမ်းဆောင်ချိန်က မီဒီယာများနှင့် တွေ့ဆုံစဉ် လက်ရှိသတ်မှတ်ထား သည့် ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လဝကသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည့် အားလျော်စွာ ”မြေမျိုလို့ နိုင်ငံ မပျောက်၊ လူမျိုမှ နိုင်ငံပျောက် တယ်”ဆိုသည့် မူဝါဒအတိုင်းဆောင် ရွက်သွားမည်ဟု ပြောကြားထား သည်။
-
ယင်းအပြင် စည်းကမ်းအတိုင်း ဆောင်ရွက်သည့် ဝန်ထမ်း၏ နေရာ ဌာန ရာထူးကို အာမခံချက်ပေး သည်ဟုလည်း ပြောခဲ့သေးသည်။
========
ပေါ်ပြူလာ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, November 24, 2016
မှတ်ပုံတင် မရထိုက်သူတွေကို ထုတ်ပေးသည့် လဝက ဝန်ထမ်းများကို အရေးယူပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment