Sunday, November 27, 2016

မင်းဘာလည်း ငါဘာလဲ ဖြစ်ကြမယ့်အစား နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းကပဲ ဖြေရှင်းကြဖို့လည်း တိုက်တွန်းလိုပါတယ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စီးပွား​ရေးအရ ထိုးနှက်ချက်လည်း ဖြစ်ပါတယ် ။ မြန်မာပြည်ရဲ့ အရေးပါဆုံးကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်လမ်းကိုပိတ်ဆို့လိုက်တာက နိုင်ငံရဲ့ စီးပွား​ရေးကို အကြီးအကျယ် ထိခိုက်မယ်ဆိုတာလည်း ငြင်းမရနိုင်ပါဘူး ။
တစ်ရက်တစ်ရက် ကုန်သွယ်မူတန်ဘိုးဒေါ်လာ သန်းချီရှိနိုင်တဲ့ ဒီလမ်းကြောင်းဟာ တစ်ရက်လောက်ပိတ်တာနဲ့ ဆုံးရူံးမူတန်ဘိုးက အမြတ်​​ငွေရဲ့ နှစ်ဆမက ဖြစ်နိုင်ပါတယ် ။ဒီဆုံးရူံးမူထက်ပိုတာက ဒေသတွင်းမတည်ငြိမ်ရင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူတွေလည်း အများကြီးထိခိုက်စေမှာဖြစ်ပါတယ် ။ စီးပွား​ရေးအရဆုံးရူံးကိုကိုပေါင်းရင် ဒီတန်ဘိုးတွေလည်း ထပ်ပေါင်းကိန်းအဖြစ် ထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ် ။ ဒါကြောင့် ဆုံးရှုံးမူတန်ဘိုးက ပိုပြီးကြီးမားပါတယ် ။ ဒီထက်ဆိုးရွားတာက နိုင်ငံရေးပုံရိပ်ကျဆင်းပြီး အစိုးရရဲ့ အုပ်ချုပ်မူယန္တယားကိုပါ ယုံကြည်မူကျဆင်းစေမှာဖြစ်ပါတယ် ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အစိုးရကို အဘက်ဘက်က မယှဉ်နိုင်သည့်တိုင်အောင် အထိနာအောင် ထိုးနှက်နိုင်တယ်ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သနားစရာကောင်းတာက အပြစ်မဲ့ပြည်သူတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမူကို အကာအကွယ်မဲ့စေတဲ့ ကိစ္စပဲ ဖြစ်ပါတယ် ။ တကယ်ပြည်သူတွေကိုဦးထိပ်ထားတယ်ဆိုရင်
မင်းဘာလည်း ငါဘာလဲ ဖြစ်ကြမယ့်အစား နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းကပဲ ဖြေရှင်းကြဖို့လည်း တိုက်တွန်းလိုပါတယ် ။

No comments: