Thursday, November 24, 2016

နှစ်နှစ်အတွင်း အိမ်ခန်း ရှစ်ထောင် ဖော်ထုတ်သွားမယ်

နှစ်နှစ်အတွင်း အိမ်ခန်း ရှစ်ထောင် ဖော်ထုတ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြောကြားလိုက်တာပါ။ နှစ်နှစ်အတွင်း အခန်းပေါင်း ရှစ်ထောင်နဲ့ တခြားပုဂ္ဂလိကအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ငါးနှစ်အတွင်း အိမ်ရာနှစ်သိန်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီလိုအိမ်ရာတွေကို ၀ယ်ယူသူတွေအနေနဲ့ ရာခိုင်နှုန်းတစ်ခု ပထမအနေနဲ့ ပေးသွင်းရာမှာဖြစ်ပြီး ကျန်တန်ဖိုးကို အရစ်ကျအနေနဲ့ ပေးချရမှာဖြစ်ပါတယ်။ ဒီလို ဆောက်လုပ်ရာမှာ အိမ်ဆိုပြီးရော မဟုတ်ဘဲ လူတစ်ယောက်အတွက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့အခြေ အနေမျိုးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

No comments: