Saturday, November 26, 2016

သျှမ်းမြောက် တိုက်ပွဲကြောင့်တရုတ်-မြန်မာနယ်စပ်မျဉ်းတစ်လျှောက် တရုတ်စစ်တပ်ဖြန့်ကျက်ထား

 


နိုဝင်ဘာလ ၂၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့်မြောက်ပိုင်း မဟာမိတ် တပ်ကြား တိုက်ပွဲများတစ်နေ့တစ်ခြားပြင်းထန်လာမှုကြောင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တရုတ်နိုင်ငံဘက်ခြမ်း ၌ တရုတ် စစ်တပ်များ၊ သံချပ်ကားများနှင့်နောက်ဆုံးပေါ် တာဝေးပစ် ဒုံးကျည်ပစ်ကားများ တပ်ဖြန့်ထားကြောင်း သတင်းရရှိသည်။


နိုဝင်ဘာလ (၂၀)ရက်ကစတင်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်ကြေ သာ မုံးကိုး ၊ပန်ဆိုင်း၊ မူစယ် (၁၀၅မိုင်) နှင့် နမ့်ခမ်းမြို့နယ် အတွင်း၌ အစိုးရ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ( KIA ၊ MNDAA ၊TNLA ၊ AA ) များအကြားတိုက်ပွဲများပြင်းထန်လာမှုကြောင့် ယနေ့ မနက်ပိုင်း တွင် တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံဘက်ခြမ်းရှိ မြို့များ၌ တရုတ် လုံခြုံရေးတပ်က ဖြန့်ကျက်နေရာ ယူထားကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ေ ရာက် မူစယ်သား စိုင်းပီး ကဆိုသည်။

“ တရုတ်အထူး ကွန်မန်ဒိုတပ်သားများ နဲ့ တင့်ကား ၊ သံချပ်ကာကား ပြီးတော့ ဒုံးကျည်တင်ကား အစီး ၂၀၀ ထက်မနဲ ရောက်ရှိနေတာ တွေ့ရပါတယ်ဗျ၊ အဓိက က သူတို့မြေ ကို သူတို့ ကာကွယ်ဖို့ ရောက်လာတယ် လို့ ပြောတာပဲ အခြေအနေ ဘယ်လိုထပ်ဖြစ်လာမလဲဆိုတာ အခုတော့ စောင့်ကြည့် ရတာပေါ့ ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။


နိုဝင်ဘာလ ၂၅ ရက်ကလဲ မူစယ်မြို့ထဲရှိ အစိုးရတပ်မတော်အား လားရှိုးမြို့မှ တပ်မတော်စစ်ရဟတ်ယဉ် ၁၀ စီးထက်မနဲ စစ်အင်အားနှင့် စစ်လက်နက်များ လာရောက်ပို့ဆောင်နေပြီး ၄င်းစစ် သားများကို မြေသယ် ကားကြီး ဖြင့် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် ၁၀၅ မိုင် ၊ ပန်ဆိုင်း ၊မုံးကိုး မြို့များဘက်သို့ ဆက်လက်ပို့ဆောင်သွားကြောင်း တွေ့မြင်ရသည် ဟု မူစယ်ဒေသခံ ကိုအောင်အောင် ကဆို သည်။

“ ကျနော်တို့ မူစယ်မြို့မှာတော့ ဒီရက်ပိုင်း သေနတ်သံတွေတော့ မကြားရ သလောက်ပါပဲ ၊ ဒါပေမဲ့ မြို့ က အရင်လိုတော့ မစည်ကားသေးဘူးပေါ့၊ လုံခြုံရေးတွေတော့ နေရာတိုင်းမှာ အပြည့်ပါပဲ ” ဟု ၄င်းကပြောသည်။


အလားတူ တရုတ်- မြန်မာ နယ်စပ်ဖြစ်သည့် နမ့်ခမ်းမြို့တွင်မြန်မာအစိုးရ တပ်မှ မြို့ဝင်/ထွက် နေရာများကို လုံခြုံရေးယူထားပြီး ကချင်ပြည်နယ်သို့ သွားသော ရွှေလီကြိုးတံတားကြီး ကို နိုဝင်ဘာလ (၂၃)ရက်နေ့က တည်းက ဖြတ်သန်းသွားလာခွင့်ကိုရက်အကန့်အသန့်မရှိ ပိတ်ထားကြောင်း ၊ ရွှေလီမြစ် ကမ်းတစ် လျှောက်ရှိ ကူးတို့ဆိပ်အားလုံးကိုလည်း အချိန်ကန့်သတ်ပြီး လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများလဲ ရှိနေပါကြောင်း၊ ယခုအခါ နမ့်ခမ်းမြို့ တွင်းတွင်လည်း ည ၇း၀၀ နာရီအချိန်ခန့်တွင် လူသွားလူလာ မရှိ သလောက် ခြောက်ကပ်နည်းပါးနေသည် ဟု နမ့်ခမ်းမြို့ဒေသခံများ ထံမှသိရှိရသည်။

သျှမ်းသံတော်ဆင့်၊ နန်းသိရိခမ်း(မူစယ်)
Panglong(Burmese)

No comments: