~~~~~~~~~~~~
■ မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံပြီး နယ်စပ်အရေးကိစ္စတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံဘက်မှာ လက်မခံဖို့၊ နှစ်နိုင်ငံသဘောတူညီထားချက်ကို ဆက်လက်စွဲကိုင်ဖို့ ပြောကြားသွားမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်က မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေ အရေးနဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ အခုလ ၂ဝ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒေသခံ ၃ ထောင်လောက်ကို စောင့်ရှောက်ထားတယ်လို့ တရုတ် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ မူဆယ်နဲ့ကွတ်ခိုင် ဒေသခံတွေရဲ့ ပြောဆိုချက်အရ တရုတ် နိုင်ငံဘက် သွားရောက်တိမ်းရှောင်နေသူ ၄ သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။ မနက်ဖြန်တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူတွေ ဦးဆောင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Credit.. RFA
cd Myo Sett
No comments:
Post a Comment