Friday, November 25, 2016

စက္ကန့်အနည်းငယ် အားသွင်းရုံဖြင့် ရက်ပေါင်းများစွာ အသုံးပြုနိုင်မည့် ဘက်ထရီကို သိပ္ပံပညာရှင်များ တီထွင်

ဖလော်ရီဒါ အလယ်ပိုင်းတက္ကသိုလ် (UCF) မှ သိပ္ပံပညာရှင်များသည် အဆ ၃၀,၀၀၀ အားပြန်လည် သွင်းနိုင်ပြီးနောက် စွမ်းဆောင်ရည် ကျဆင်းခြင်း မရှိသော supercapacitor ဘက်ထရီ ရှေ့ပြေးပုံစံ တစ်မျိုးကို တီထွင်ခဲ့သည်။

ယခုသုတေသနသည် သမားရိုးကျ lithium-ion ဘက်ထရီ ဆဲလ်များထက် အဆ ၂၀ ကျော် တာရှည်ခံပြီး လျင်မြန်စွာ အားသွင်းနိုင်ကာ သိုလှောင်မှုပမာဏမြင့်မားသော ဘက်ထရီများ ပေါ်ထွက်လာရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ “မိုဘိုင်းဖုန်းကို စက္ကန့်အနည်းငယ်အတွင်း အားသွင်းနိုင်ပြီး တစ်ပတ်ကျော်ခန့် အားပြန်သွင်းစရာ မလိုကြောင်း” UCF မှ သုတေသန သိပ္ပံပညာရှင် နီတင်ချောင်ဟေရီက ပြောကြားခဲ့သည်။

Supercapacitor များသည် လျင်မြန်စွာ သွင်းနိုင်သည်။ ၎င်း၏ မျက်နှာပြင်တွင် လျှပ်စစ်ဓာတ်ကို တသမတ်တည်း သိုလှောင်ထားနိုင်သည်။ ယခုသုတေသနသည် အစောပိုင်း အဆင့်တွင်သာ ရှိသေးပြီး စီးပွားဖြစ်ပြုလုပ်ရန် အဆင်သင့်မရှိသေးပေ။ “သေးငယ်တဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေအတွက် ကျွန်တော်တို့ရဲ့အရာက သမားရိုးကျများထက် သာလွန်ပါတယ်” ဟု ချောင်ဟေရီက ပြောဆိုခဲ့သည်။

ယခုသုတေသနကို “proof-of-concept” ဟု UCF မှ သိပ္ပံပညာရှင် ရီအွန်ဝူးအဲရစ်ဂျန်က ပြောကြားခဲ့သည်။ အဖွဲ့အနေဖြင့် လုပ်ငန်းစဉ်ကို မူပိုင်ခွင့်တင်ရန် ကြိုးစားနေကြောင်း သိရသည်။

Ref: Engadget

No comments: