Saturday, November 26, 2016

သီးမခံနိုင်အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး ===============================


၂၆..၁၁..၁၆
-
ဘုရားသုံးဆူမြို့တွင် နိုင်ဝင်ဘာ ၂၃ ရက်နေ့က လင်မယားနှစ်ယောက်
ရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူ သေဆုံးခဲ့သော လူသတ်မှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
-
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၀) နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့
(၂) ရပ်ကွက်တွင် နေထိုင်သော မောင်အေးချမ်း အသက် (၂၄)နှစ်
သည် မူးယစ်သောက်စားက အိမ်သို့ပြန်လာခဲ့ပြီးနောက် ဇနီးသည်အား ပြဿနာရှာကာ လက်သီးနှင့် ထိုးကြိတ်ခဲ့သည်။ ဇနီးသည်ဖြစ်သူမှာ သီးမခံနိုင်တော့သည့်အဆုံး၌ ယောက်ျားဖြစ်သူ၏ ငယ်ပါအား ဖမ်းဆွဲ၍ လည်းပင်းကို ဘောင်းဘီအရှည်နှင့် ရစ်ပတ်ကာ လည်ပင်းညှစ်သတ်
ခဲ့ခြင်းဖြစ်သည်။
-
ထို့ကြောင့် တရားခံ မအေးအေး အသက်(၂၂) နှစ်ကို ဘုရား သုံးဆူ
ရဲစခန်းက (ပ)၂၇/၂၀၁၆ ပုဒ်မ(၃၀၂) နှင့် အမှုဖွင့်အရေးယူ
ထားကြောင်း သိရှိရသည်။
========
မောင်နန္ဒ

No comments: