Tuesday, July 21, 2015

အင်းတော်ကွင်းချောင်းရေကျော်တံတားတွင် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၂၀၀၀ ဖြင့် အခပေးပြီး သွားလာနေကြရ ===================================

အင်းတော်ကွင်းချောင်းရေကျော်တံတားတွင် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၂၀၀၀ ဖြင့် အခပေးပြီး သွားလာနေကြရ =============================================== အင်းတော် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ကွင်းချောင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ ကွင်းချောင်းရေကျော်တံတားတွင် ဆိုင်ကယ်များ ဖြတ်သန်းသွားလာမောင်းနှင်၍ မရသောကြောင့် ဆိုင်ကယ်နှင့်သွားလာသူများမှာ ဆိုင်ကယ်တစ်စီးလျှင်ငွေကျပ်၂ဝဝဝ ပေးကာ အထမ်းငှားပြီး ခရီး သွားလာနေကြရကြောင်း သိရသည်။ ''ဆိုင်ကယ်တစ်စီးကို အငှားထမ်းခငွေကျပ် ၂ဝဝဝ ရပါတယ်။ ဒါက နေ့ဈေးပါ၊ ညကိုတော့ ဘယ်လောက်နဲ့အငှား ထမ်းရမယ်ဆိုတာအတည်ပြောလို့မရသေးပါဘူး''ဟု ဆိုင်ကယ်အငှားထမ်းသူက ပြောကြားသည်။ ဇူလိုင် ၁၆ ရက်မှ ၁၉ ရက် ညများအထိ စုဖွဲ့ကာ ဆိုင်ကယ်များကို အခယူပြီး ဆိုင်ကယ်အငှားထမ်းနေသူများ ရှိနေကြောင်း သိရ သည်။ ''အခုလိုဒုက္ခရောက်နေတာ ဆိုင်ကယ်ထမ်း ကူးပေးနေတဲ့လူတွေက အခကြေးငွေတွေကို ကိုယ်ရချင်သလောက် သတ်မှတ်ပြီး မတောင်းသင့်ဘူး။ ကျွန်တော်တို့ အခုဆိုရင် ရွှေဘိုကိုပြန်ကြရမှာဖြစ်ပါတယ်''ဟု ဆိုင်ကယ်ဖြင့် ခရီးသွား သူက ပြောကြားခဲ့သည်။ ကွင်းချောင်းသည် အင်းတော်မြို့နှင့် ၁၆ မိုင်အကွာအဝေးရှိပြီး ကြိမ်ချောင်းနှင့် ပိန်းအင်းကြား တွင်ရှိကာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း အင်းတော်လမ်းပိုင်း၌ရှိကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ)

No comments: