Tuesday, July 21, 2015

မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ - ============

မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ - ============ တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေး တစ်ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေးကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။ သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့ကို ချဉ်းကပ်ချင် ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေက အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိ ကို အပ်ထားရတယ်။ ကိုယ်ရေးအရာရှိက သူ့ဆရာအတွက် နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေး တွေက နောက်ထပ် ချက်စာအုပ်တစ်အုပ် မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလားပဲ လေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။ လူရဲ့သဘောကလည်း အခက်သား ကလား။ စိတ်အလိုဆန္ဒဆိုတာ ပြည့်တယ်လို့မှ မရှိတာ။ တစ်ခုပြည့်ရင် နောက်တစ်ခုကို ကူးပြီး အလိုဆန္ဒအသစ်က ပေါ်လာတာမျိုးလေ။ လူတွေ ပထမဆုံး တောင့်တတာက ငွေရှိဖို့၊ ငွေရှိလာရင် နောက်ထပ်လာတဲ့ ဆန္ဒက အာဏာရှိဖို့၊ ငွေရော အာဏာ ရော ရှိလာရင်တော့ ကာမဆန္ဒအတွက် ကြိုက်တဲ့သူနဲ့ နေချင်လာပြန်ရော။ ဒါကြောင့် အဲဒါတွေအားလုံး ပြည့်စုံသွားတဲ့သူတွေဟာ နောက်တစ် ဆင့် အနေနဲ့ ဂေးတွေဖြစ်ကုန်ကြတာ။ အဲဒီကိုယ်ရေးအရာရှိ ခေတ်ကောင်းချိန် မှာ မိုဘိုင်းဖုန်းကလည်း အပြင်မှာ တစ်လုံး သိန်းလေးဆယ်လောက် ပေါက်နေချိန်ဆိုတော့ မိုဘိုင်းဖုန်း တစ်လုံးကနေ နှစ်လုံးကိုင်နိုင်တဲ့သူဆိုရင် အားလုံးက ငေးကြည့်နေကြရတာ။ အထူးသဖြင့် တယ်လီဖုန်းနှစ်လုံး ကိုင်ချင်တာက အနုပညာရှင်တွေပေါ့။ ဒီတော့ အဲဒီ့အာဏာရှိတဲ့ ကိုယ်ရေးအရာရှိဆီကို နည်းလမ်းမျိုးစုံ သုံးပြီး ချဉ်းကပ်ကြရတယ်။ တုံ့ပြန်ကျေးဇူးဆပ်ဖို့ကတော့ ငွေမလိုပါဘူး။ ငွေမကုန်တဲ့နည်းနဲ့ပဲ ကျေးဇူးဆပ်ကြရတာပါ။ ပြောရရင် အဲဒီလျှမ်းလျှမ်းတောက် မင်းသမီးလေးက ဒါရိုက်တာ တစ်ယောက် ရဲ့ ချိတ်ဆက်ပေးမှုနဲ့ အဲဒီ့ ကိုယ်ရေးအရာ ရှိနဲ့ သိခွင့်ရသွားပါတယ်။ ကိုယ်ရေးအရာရှိ သဘောကောင်းလိုက် ပုံက မင်းသမီး လိုချင်တဲ့ မိုဘိုင်းဖုန်း ပေးတဲ့အပြင် ရောင်းစားဖို့ပါ ဖုန်းတွေအများကြီး ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အဲဒီ့အချိန်က မိုဘိုင်းဖုန်း လိုချင်သူတွေဟာ မင်းသမီးဆီကိုသွား ပြီး ကြိုက်တဲ့နံပါတ် ရွေးပြီး ၀ယ်လို့ရတဲ့ အထိ မင်းသမီးက ဆက်သွယ်ရေး ၀န်ကြီးနီးပါး မျက်နှာပွင့်ခဲ့ပါတယ်။ ပေးလိုက်တဲ့ နံပါတ်တွေကလည်း အခုမြန်မာ့ဆက်သွယ်ရေးက လေလံ တင် ရောင်းနေတာမျိုး အပူးအခွ ဂဏန်းတွေချည်းပဲ။ မင်းသမီးရဲ့ ရည်းစားကတော့ စိတ်အကြီးအကျယ် ညစ်သွားပါတယ်။ သူကလည်း မခေသူဆိုတော့ မြွေမြွေချင်း ခြေမြင်တာပေါ့။ ပြောရရင် မင်းသမီးနဲ့ သူနဲ့က တရားရုံးချုပ်မှာတက်ပြီး လက်မှတ်ထိုး ပြီးသား။ နှစ်ယောက်သား အပျိုဂုဏ်၊ လူပျိုဂုဏ်လေးနဲ့ အနုပညာ လုပ်နေချိန်မို့ တရားဝင် ကြေညာပြီး အတူတူမနေ သေးတာပဲရှိတယ်။ အဲဒီအချိန်မှာ ကိုယ်ရေးအရာရှိက ကြားဖြတ်ပြီး ခုတ်လေတော့ အူနု ကျွဲခတ်ပြီပေါ့။ အဲဒီကိုယ်ရေး အရာရှိနဲ့ သူ့ရည်းစား မင်းသမီး ဟိုတယ်ထဲ ၀င်သွားတာတွေ ကို နောက်ကချောင်းပြီး ဓာတ်ပုံရိုက်၊ အဲဒီ့အဖွဲ့အစည်းကို တိုင်ပေမယ့် အဲဒီအဖွဲ့အစည်းက ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရေး အရာရှိကို ဘယ်သူက အရေးယူရဲမှာလဲဗျာ။ ကိုယ်ရေးအရာရှိ တန်ခိုးနဲ့ အဲဒီ့မင်းသမီးဟာ တောက်တောက်ပြောင်ပြောင် ဖြစ်တာ ထက် ပိုပြီးကို ချမ်းသာသွားပါတယ်။ တွဲလာတာ ကြာလာချိန်မှာ ကိုယ်ရေးအရာရှိက မင်းသမီးကို လက်ဆောင်ပေးပြန်တယ်။ ဒါကတော့ အဲဒီခေတ်က သိန်း ၄၀၀၀ တန်တဲ့ တိုယိုတာ လင်ခရူဇာကား အဖြူကြီးပါပဲ။ အဲဒီ့မင်းသမီး ရန်ကုန် ရောက်ပြီး လေးငါးနှစ်အတွင်းမှာ ရန်ကုန်က သူဌေးရပ်ကွက်မှာ တိုက်နဲ့ကားနဲ့ ဖြစ်သွားရုံမက ကျန်တဲ့မင်းသား၊ မင်းသမီးတွေကပါ အဲဒီမင်းသမီး ကတစ်ဆင့် ၀န်ကြီး၊ ၀န်ကလေးတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာကြရတယ်။ မင်းသမီးလည်း တဖြည်းဖြည်းနဲ့ မားမားစံ ဖြစ်လာတယ်။ အဲဒီခေတ်က မင်းသား၊ မင်းသမီးတွေရဲ့ ရည်မှန်းချက်က တိုယိုတာ လင်ခရူဇာ ဆိုက်ဂနက် ကားစီးနိုင်ရေးပါပဲ။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသား၊ မင်းသမီးကလည်း အခုခေတ်လို ပေါပေါ များများ မဟုတ်ဘဲ လက်ချိုးရတဲ့အချိန်။ အဲဒီကားစီးနိုင်တာ ကလည်း မင်းသားတစ်ယောက်နဲ့ မင်းသမီး တစ်ယောက်ပဲဆိုတော့ အားလုံး အဲဒီကားမျိုးစီးနိုင်ဖို့ အလုအယက် ကြိုးစားနေချိန်ပေါ့။ ပွင့်ဦးကလည်း ကြွေပြီးသားတွေဆို တော့ သူတို့အတွက် ကားစီးရရင်ပြီးရော ကျေးဇူးဆပ်ဖို့က တယ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူဌေးကြီးတစ်ယောက်ဆိုရင် မင်းသမီးလေး တစ်ယောက်ကို ရိုက်ကွင်းလာပြီး သိန်း ၂၀၀တန် စိန်နားကပ် လက်ဆောင် ပေးရတဲ့အထိ မင်းသမီးတွေ စန်းထခဲ့ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေနဲ့ပါ ပေါင်းခဲ့တဲ့အတွက် အပွကြီး ပွခဲ့ပါတယ်။ မင်းသမီးလည်း ငွေကြေး အရ၊ သြဇာအာဏာအရ အကုန်ပြည့်စုံလာ တော့ နောက်တစ်ဆင့် အလိုဆန္ဒက မူးယစ် ဆေးသုံးတာတွေ ဘာတွေဖြစ်လာတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးမယူရဲဘူး။ မင်းသမီးကို ဖမ်းလို့မရတော့ မင်းသမီးရဲ့ အပေါင်းအပါ တခြားမင်းသား မင်းသမီးတွေကို လည်း ဖမ်းလို့မရတော့ဘူးပေါ့။ ဆယ်လီဘရစ်တီဆိုတဲ့ မင်းသား မင်းသမီးတွေကို ဆယ်ကျော်သက်တွေ က အတုခိုးတတ်ကြလေတော့ တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်တွေ ပါ မူးယစ်ဆေး သုံးတတ်လာကြတယ်။ ဒီလိုနဲ့ ကံကြမ္မာတစ်ဖက် စောင်းပြီး အဲဒီတပ်ဖွဲ့ကြီး ပြိုကွဲချိန် ရောက်လာ တယ်။ ပြိုကွဲချိန်မှာ ပထမဆုံး အဖမ်းခံရတာကတော့ အဲဒီဗိုလ်ချုပ်ကြီးနဲ့ သူတပည့် ကိုယ်ရေးအရာရှိပေါ့။ ၀ဋ်ဆိုတာ ဘ၀မကူးပါဘူး ဆိုတဲ့ စကားအတိုင်း အဲဒီ့ ကိုယ်ရေးအရာရှိကို စစ်ဆေးချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ကားတစ်စီး ပျောက်နေတယ်။ ကားက လိုင်စင်မဲ့ကားကြီး။ နောက်ဆုံးမတော့ အဲဒီ့ မင်းသမီးအိမ်ကနေ လိုင်စင်မဲ့ ၀စ်သောက် လင်ခရူဇာ ကားဖြူကြီးကို ပြန်သိမ်းလိုက်ရတော့တယ်။ ခုအချိန်အထိတော့ အဲဒီ့ကိုယ်ရေး အရာရှိဟာ ထောင်ထဲမှာ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်နေရတုန်းပါပဲ။ အဲဒီ မင်းသမီးလေးလိုပဲ မော်ဒယ် မင်းသမီးလေး တစ်ယောက်ကိုလည်း သူ့စပွန်ဆာ ကိုကိုက တိုက်ခန်းနဲ့ ကား နဲ့ တယ်လီဖုန်းနဲ့ ဆင်ပေးထားတာမျိုးရှိတယ်။ အဲဒီစပွန်ဆာ ကိုကိုလည်း အဖမ်းခံရရော တိုက်ခန်းက နှစ်ချုပ်နဲ့ ငှားထားတဲ့အခန်း၊ ကားက လိုင်စင်မဲ့ဝစ်သောက်၊ တယ်လီဖုန်းက လပေးနဲ့ ငှားထားတာဖြစ်လို့ အဲဒီကလေးမလည်း လမ်းဘေး မရောက်ရုံတမယ် ဖြစ်ခဲ့ရဖူးတယ်။ ဒါတွေ ရေးပြနေတာက နောင်လာ နောက်သားတွေ ဖြတ်လမ်း မလိုက်မိကြေ စဖို့ စေတနာနဲ့ပါ။ အခုလည်း စပွန်ဆာ ကိုကိုတွေ စပွန်ဆာ ဘဘတွေက အရမ်းခေတ်စားနေချိန်ဖြစ် လို့ ဖြစ်ပြီးခဲ့တာတွေကို နမူနာပြပြီး ဆင်ခြင်နိုင်ဖို့ပါ။ လက်စောင်းထက် tomorrow ဂျာနယ် မင်းသမီးကို သိန်း ၄၀၀၀တန် လင်ခရူဇာ လက်ဆောင်ပေးတဲ့ ကိုယ်ရေးအရာရှိ - ============ တစ်ခေတ်တစ်ခါက ကားပါမစ်တွေ ပိတ်ထားတဲ့အချိန်ပေါ့ဗျာ။ မင်းသမီးလေး တစ်ယောက်က အရမ်းလှ အရမ်း နာမည်ကြီးနေချိန်လည်း ဖြစ်တယ်။ ဒီအချိန်မှာ စစ်တပ်ထဲမှာလည်း တပ်ဖွဲ့တစ်ဖွဲ့ အရမ်း လက်စောင်းထက် နေချိန်ပေါ့။ နိုင်ငံရဲ့စီးပွားရေးကလည်း သူတို့လက် သူတို့ခြေဖြစ်နေတယ်။ အဲဒီတပ်ဖွဲ့ရဲ့ အကြီးအကဲက ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တယ်။ အများကတော့ မင်းသားကြီးလို့ ခေါ်ကြတယ်။ သူ့ရဲ့ကိုယ်ရေးအရာရှိကလည်း နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ တပည့်ဆိုတော့ ဆရာ့ကို ချဉ်းကပ်ချင် ရင် တပည့်ကို အပိုင်ပေါင်းရတာပေါ့။ အဲဒီ ခေတ်က ခရိုနီ၊ ခရိုပြာတွေက အဲဒီကိုယ်ရေးအရာရှိ လက်ထဲကို သူတို့ရဲ့ ချက်လက်မှတ်တွေမှာ လက်မှတ်ထိုးပြီး ငွေနေရာမှာ ဗလာထားလို့ အဲဒီကိုယ်ရေးအရာရှိ ကို အပ်ထားရတယ်။ ကိုယ်ရေးအရာရှိက သူ့ဆရာအတွက် နဲ့ သူ့ဆရာ အလှူဒါနလုပ်တဲ့ နေရာမှာ ငွေလိုရင် အဲဒီချက်စာအုပ်မှာ လိုချင်တဲ့ ငွေကိုဖြည့်ပြီး ထုတ်သုံး ရုံပဲ။ အဲဒီလောက်အထိ တန်ခိုးကြီးခဲ့ပါတယ်။ ချက်စာအုပ် ကုန်ပြီဆိုတာနဲ့ သူဌေး တွေက နောက်ထပ် ချက်စာအုပ်တစ်အုပ် မှာ လက်မှတ်အပြည့်ထိုးပြီး ထပ်ပို့ပေးကြရတယ်။ သူဌေးတွေကလည်း လိုလိုလားလားပဲ လေ။ ချက်စာအုပ်ထဲမှာ သုံးလိုက်တဲ့ငွေထက် အဆပေါင်းများစွာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေကို ပြန်ရတာကိုး။ လူရဲ့သဘောကလည်း အခက်သား ကလား။ စိတ်အလိုဆန္ဒဆိုတာ ပြည့်တယ်လို့မှ မရှိတာ။ တစ်ခုပြည့်ရင် နောက်တစ်ခုကို ကူးပြီး အလိုဆန္ဒအသစ်က ပေါ်လာတာမျိုးလေ။ လူတွေ ပထမဆုံး တောင့်တတာက ငွေရှိဖို့၊ ငွေရှိလာရင် နောက်ထပ်လာတဲ့ ဆန္ဒက အာဏာရှိဖို့၊ ငွေရော အာဏာ ရော ရှိလာရင်တော့ ကာမဆန္ဒအတွက် ကြိုက်တဲ့သူနဲ့ နေချင်လာပြန်ရော။ ဒါကြောင့် အဲဒါတွေအားလုံး ပြည့်စုံသွားတဲ့သူတွေဟာ နောက်တစ် ဆင့် အနေနဲ့ ဂေးတွေဖြစ်ကုန်ကြတာ။ အဲဒီကိုယ်ရေးအရာရှိ ခေတ်ကောင်းချိန် မှာ မိုဘိုင်းဖုန်းကလည်း အပြင်မှာ တစ်လုံး သိန်းလေးဆယ်လောက် ပေါက်နေချိန်ဆိုတော့ မိုဘိုင်းဖုန်း တစ်လုံးကနေ နှစ်လုံးကိုင်နိုင်တဲ့သူဆိုရင် အားလုံးက ငေးကြည့်နေကြရတာ။ အထူးသဖြင့် တယ်လီဖုန်းနှစ်လုံး ကိုင်ချင်တာက အနုပညာရှင်တွေပေါ့။ ဒီတော့ အဲဒီ့အာဏာရှိတဲ့ ကိုယ်ရေးအရာရှိဆီကို နည်းလမ်းမျိုးစုံ သုံးပြီး ချဉ်းကပ်ကြရတယ်။ တုံ့ပြန်ကျေးဇူးဆပ်ဖို့ကတော့ ငွေမလိုပါဘူး။ ငွေမကုန်တဲ့နည်းနဲ့ပဲ ကျေးဇူးဆပ်ကြရတာပါ။ ပြောရရင် အဲဒီလျှမ်းလျှမ်းတောက် မင်းသမီးလေးက ဒါရိုက်တာ တစ်ယောက် ရဲ့ ချိတ်ဆက်ပေးမှုနဲ့ အဲဒီ့ ကိုယ်ရေးအရာ ရှိနဲ့ သိခွင့်ရသွားပါတယ်။ ကိုယ်ရေးအရာရှိ သဘောကောင်းလိုက် ပုံက မင်းသမီး လိုချင်တဲ့ မိုဘိုင်းဖုန်း ပေးတဲ့အပြင် ရောင်းစားဖို့ပါ ဖုန်းတွေအများကြီး ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အဲဒီ့အချိန်က မိုဘိုင်းဖုန်း လိုချင်သူတွေဟာ မင်းသမီးဆီကိုသွား ပြီး ကြိုက်တဲ့နံပါတ် ရွေးပြီး ၀ယ်လို့ရတဲ့ အထိ မင်းသမီးက ဆက်သွယ်ရေး ၀န်ကြီးနီးပါး မျက်နှာပွင့်ခဲ့ပါတယ်။ ပေးလိုက်တဲ့ နံပါတ်တွေကလည်း အခုမြန်မာ့ဆက်သွယ်ရေးက လေလံ တင် ရောင်းနေတာမျိုး အပူးအခွ ဂဏန်းတွေချည်းပဲ။ မင်းသမီးရဲ့ ရည်းစားကတော့ စိတ်အကြီးအကျယ် ညစ်သွားပါတယ်။ သူကလည်း မခေသူဆိုတော့ မြွေမြွေချင်း ခြေမြင်တာပေါ့။ ပြောရရင် မင်းသမီးနဲ့ သူနဲ့က တရားရုံးချုပ်မှာတက်ပြီး လက်မှတ်ထိုး ပြီးသား။ နှစ်ယောက်သား အပျိုဂုဏ်၊ လူပျိုဂုဏ်လေးနဲ့ အနုပညာ လုပ်နေချိန်မို့ တရားဝင် ကြေညာပြီး အတူတူမနေ သေးတာပဲရှိတယ်။ အဲဒီအချိန်မှာ ကိုယ်ရေးအရာရှိက ကြားဖြတ်ပြီး ခုတ်လေတော့ အူနု ကျွဲခတ်ပြီပေါ့။ အဲဒီကိုယ်ရေး အရာရှိနဲ့ သူ့ရည်းစား မင်းသမီး ဟိုတယ်ထဲ ၀င်သွားတာတွေ ကို နောက်ကချောင်းပြီး ဓာတ်ပုံရိုက်၊ အဲဒီ့အဖွဲ့အစည်းကို တိုင်ပေမယ့် အဲဒီအဖွဲ့အစည်းက ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရေး အရာရှိကို ဘယ်သူက အရေးယူရဲမှာလဲဗျာ။ ကိုယ်ရေးအရာရှိ တန်ခိုးနဲ့ အဲဒီ့မင်းသမီးဟာ တောက်တောက်ပြောင်ပြောင် ဖြစ်တာ ထက် ပိုပြီးကို ချမ်းသာသွားပါတယ်။ တွဲလာတာ ကြာလာချိန်မှာ ကိုယ်ရေးအရာရှိက မင်းသမီးကို လက်ဆောင်ပေးပြန်တယ်။ ဒါကတော့ အဲဒီခေတ်က သိန်း ၄၀၀၀ တန်တဲ့ တိုယိုတာ လင်ခရူဇာကား အဖြူကြီးပါပဲ။ အဲဒီ့မင်းသမီး ရန်ကုန် ရောက်ပြီး လေးငါးနှစ်အတွင်းမှာ ရန်ကုန်က သူဌေးရပ်ကွက်မှာ တိုက်နဲ့ကားနဲ့ ဖြစ်သွားရုံမက ကျန်တဲ့မင်းသား၊ မင်းသမီးတွေကပါ အဲဒီမင်းသမီး ကတစ်ဆင့် ၀န်ကြီး၊ ၀န်ကလေးတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာကြရတယ်။ မင်းသမီးလည်း တဖြည်းဖြည်းနဲ့ မားမားစံ ဖြစ်လာတယ်။ အဲဒီခေတ်က မင်းသား၊ မင်းသမီးတွေရဲ့ ရည်မှန်းချက်က တိုယိုတာ လင်ခရူဇာ ဆိုက်ဂနက် ကားစီးနိုင်ရေးပါပဲ။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသား၊ မင်းသမီးကလည်း အခုခေတ်လို ပေါပေါ များများ မဟုတ်ဘဲ လက်ချိုးရတဲ့အချိန်။ အဲဒီကားစီးနိုင်တာ ကလည်း မင်းသားတစ်ယောက်နဲ့ မင်းသမီး တစ်ယောက်ပဲဆိုတော့ အားလုံး အဲဒီကားမျိုးစီးနိုင်ဖို့ အလုအယက် ကြိုးစားနေချိန်ပေါ့။ ပွင့်ဦးကလည်း ကြွေပြီးသားတွေဆို တော့ သူတို့အတွက် ကားစီးရရင်ပြီးရော ကျေးဇူးဆပ်ဖို့က တယ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သူဌေးကြီးတစ်ယောက်ဆိုရင် မင်းသမီးလေး တစ်ယောက်ကို ရိုက်ကွင်းလာပြီး သိန်း ၂၀၀တန် စိန်နားကပ် လက်ဆောင် ပေးရတဲ့အထိ မင်းသမီးတွေ စန်းထခဲ့ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေနဲ့ပါ ပေါင်းခဲ့တဲ့အတွက် အပွကြီး ပွခဲ့ပါတယ်။ မင်းသမီးလည်း ငွေကြေး အရ၊ သြဇာအာဏာအရ အကုန်ပြည့်စုံလာ တော့ နောက်တစ်ဆင့် အလိုဆန္ဒက မူးယစ် ဆေးသုံးတာတွေ ဘာတွေဖြစ်လာတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးမယူရဲဘူး။ မင်းသမီးကို ဖမ်းလို့မရတော့ မင်းသမီးရဲ့ အပေါင်းအပါ တခြားမင်းသား မင်းသမီးတွေကို လည်း ဖမ်းလို့မရတော့ဘူးပေါ့။ ဆယ်လီဘရစ်တီဆိုတဲ့ မင်းသား မင်းသမီးတွေကို ဆယ်ကျော်သက်တွေ က အတုခိုးတတ်ကြလေတော့ တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်တွေ ပါ မူးယစ်ဆေး သုံးတတ်လာကြတယ်။ ဒီလိုနဲ့ ကံကြမ္မာတစ်ဖက် စောင်းပြီး အဲဒီတပ်ဖွဲ့ကြီး ပြိုကွဲချိန် ရောက်လာ တယ်။ ပြိုကွဲချိန်မှာ ပထမဆုံး အဖမ်းခံရတာကတော့ အဲဒီဗိုလ်ချုပ်ကြီးနဲ့ သူတပည့် ကိုယ်ရေးအရာရှိပေါ့။ ၀ဋ်ဆိုတာ ဘ၀မကူးပါဘူး ဆိုတဲ့ စကားအတိုင်း အဲဒီ့ ကိုယ်ရေးအရာရှိကို စစ်ဆေးချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ကားတစ်စီး ပျောက်နေတယ်။ ကားက လိုင်စင်မဲ့ကားကြီး။ နောက်ဆုံးမတော့ အဲဒီ့ မင်းသမီးအိမ်ကနေ လိုင်စင်မဲ့ ၀စ်သောက် လင်ခရူဇာ ကားဖြူကြီးကို ပြန်သိမ်းလိုက်ရတော့တယ်။ ခုအချိန်အထိတော့ အဲဒီ့ကိုယ်ရေး အရာရှိဟာ ထောင်ထဲမှာ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်နေရတုန်းပါပဲ။ အဲဒီ မင်းသမီးလေးလိုပဲ မော်ဒယ် မင်းသမီးလေး တစ်ယောက်ကိုလည်း သူ့စပွန်ဆာ ကိုကိုက တိုက်ခန်းနဲ့ ကား နဲ့ တယ်လီဖုန်းနဲ့ ဆင်ပေးထားတာမျိုးရှိတယ်။ အဲဒီစပွန်ဆာ ကိုကိုလည်း အဖမ်းခံရရော တိုက်ခန်းက နှစ်ချုပ်နဲ့ ငှားထားတဲ့အခန်း၊ ကားက လိုင်စင်မဲ့ဝစ်သောက်၊ တယ်လီဖုန်းက လပေးနဲ့ ငှားထားတာဖြစ်လို့ အဲဒီကလေးမလည်း လမ်းဘေး မရောက်ရုံတမယ် ဖြစ်ခဲ့ရဖူးတယ်။ ဒါတွေ ရေးပြနေတာက နောင်လာ နောက်သားတွေ ဖြတ်လမ်း မလိုက်မိကြေ စဖို့ စေတနာနဲ့ပါ။ အခုလည်း စပွန်ဆာ ကိုကိုတွေ စပွန်ဆာ ဘဘတွေက အရမ်းခေတ်စားနေချိန်ဖြစ် လို့ ဖြစ်ပြီးခဲ့တာတွေကို နမူနာပြပြီး ဆင်ခြင်နိုင်ဖို့ပါ။ လက်စောင်းထက် tomorrow ဂျာနယ်

No comments: