Tuesday, July 21, 2015

ရပ်ကွက်နှစ်ခုသို့ ဓာတ်အားပေးစက်သစ်ဖြင့် ဓာတ်အားပေးပို့ ===================================

ရပ်ကွက်နှစ်ခုသို့ ဓာတ်အားပေးစက်သစ်ဖြင့် ဓာတ်အားပေးပို့ =================================== ပူတာအို ဇူလိုင် ၂ဝ ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ရှိ လုံးစွတ်ရပ်ကွက်နှင့် လေယာဉ် ကွင်းရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သော ၃၄ဝ ကေဗွီအေ ဓာတ်အားပေးစက်သစ်ကြီးဖြင့် ဇူလိုင် ၁၇ ရက်မှ စတင် ဓာတ်အားပေးပို့လျက်ရှိကြောင်း သိရသည်။ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်သစ်မှ ဓာတ်အားစတင်ပေးပို့သည့် အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါရဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူရနောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးဘုန်းမြင့်ဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူးက ဓာတ်အားပေးစက်သစ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ပူတာအိုမြို့တွင် ၃၄ဝ ကေဗွီအေ ဓာတ်အားပေးစက်တစ်လုံး၊ ၃ဝဝ ကေဗွီ အေ ဓာတ်အားပေးစက် နှစ်လုံး၊ ၆၄ ကေဗွီအေ ဓာတ်အားပေးစက် တစ်လုံးနှင့် နမ်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ၁ဝဝ ကီလိုဝပ် ဓာတ်အားပေးစက်နှစ်လုံးဖြင့် နေ့စဉ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ လျှပ်စစ်ဓာတ်အား ၃ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် အထက်နမ်ထွမ် ရေအား လျှပ်စစ် စီမံကိန်းကြီးကိုလည်း ပူတာအိုမြို့တောင်ဘက် ခုနစ်မိုင်ခန့်အကွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ လာမည့်နှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်းနှင့် ပြီးစီးပါက ပူတာအိုမြို့တွင် ၂၄ နာရီလျှပ်စစ်ဓာတ်အား ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။ ဖုန်ကန်(iprd) ရပ်ကွက်နှစ်ခုသို့ ဓာတ်အားပေးစက်သစ်ဖြင့် ဓာတ်အားပေးပို့ =================================== ပူတာအို ဇူလိုင် ၂ဝ ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ရှိ လုံးစွတ်ရပ်ကွက်နှင့် လေယာဉ် ကွင်းရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းရုံးချုပ်မှ ပေးပို့သော ၃၄ဝ ကေဗွီအေ ဓာတ်အားပေးစက်သစ်ကြီးဖြင့် ဇူလိုင် ၁၇ ရက်မှ စတင် ဓာတ်အားပေးပို့လျက်ရှိကြောင်း သိရသည်။ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်သစ်မှ ဓာတ်အားစတင်ပေးပို့သည့် အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါရဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူရနောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးဘုန်းမြင့်ဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူးက ဓာတ်အားပေးစက်သစ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ပူတာအိုမြို့တွင် ၃၄ဝ ကေဗွီအေ ဓာတ်အားပေးစက်တစ်လုံး၊ ၃ဝဝ ကေဗွီ အေ ဓာတ်အားပေးစက် နှစ်လုံး၊ ၆၄ ကေဗွီအေ ဓာတ်အားပေးစက် တစ်လုံးနှင့် နမ်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ၁ဝဝ ကီလိုဝပ် ဓာတ်အားပေးစက်နှစ်လုံးဖြင့် နေ့စဉ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ လျှပ်စစ်ဓာတ်အား ၃ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် အထက်နမ်ထွမ် ရေအား လျှပ်စစ် စီမံကိန်းကြီးကိုလည်း ပူတာအိုမြို့တောင်ဘက် ခုနစ်မိုင်ခန့်အကွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ လာမည့်နှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်းနှင့် ပြီးစီးပါက ပူတာအိုမြို့တွင် ၂၄ နာရီလျှပ်စစ်ဓာတ်အား ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။ ဖုန်ကန်(iprd)

No comments: