Tuesday, July 21, 2015

အင်းတော်ကြီးအင်းကို UNESCO သို့ လူသားနှင့် ဇီဝအ၀န်းနယ်မြေသတ်မှတ်နိုင်ရေး တင်ပြမည် ================================

အင်းတော်ကြီးအင်းကို UNESCO သို့ လူသားနှင့် ဇီဝအ၀န်းနယ်မြေသတ်မှတ်နိုင်ရေး တင်ပြမည် ================================ အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ ရေပြင် စတုရန်းမိုင် ၁ဝဝ ကျယ်ဝန်းသော အကြီးဆုံးရေကန် ဖြစ်ပြီး အရှေ့တောင်အာရှတွင်လည်း အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသတစ်ခုအဖြစ် အသိအမှတ် ပြုထားလျက်ရှိသည်။ အင်းတော်ကြီးဒေသ တည် နေရာမှာ မိုးညှင်းမြို့နယ် မိုးညှင်းခရိုင် ကချင်ပြည်နယ် ၌ တည်ရှိသည်။ အာဆီယံအမွေအနှစ် ဥယျာဉ် တစ်ခုဖြစ်သည့် အင်းတော်ကြီးကို လူသားနှင့် ဇီဝ အဝန်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရေး UNESCO သို့တင်ပြရန် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အင်းတော်ကြီးဒေသကို MaB လူသားနှင့် ဇီဝအဝန်းနယ်မြေ သတ်မှတ်နိုင်ရေးအတွက် အင်းတော်ကြီးဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကွင်းဆင်းဆောင်ရွက်ချက်များ၊ ဒေသခံပြည်သူတို့ ၏ ပူးပေါင်းပါဝင်မှုများကို ပြုစုပြီး နေပြည်တော် သစ်တောဦးစီးဌာနသို့ တင်ပြ၍ ပြည့်စုံလုံလောက် သောအဆင့်ဖြစ်ပါက UNESCO သို့ ဆက်လက် တင်ပြမည်ဖြစ်ပါကြောင်း ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးဌေးဝင်းက ပြောပြသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (MaB Lcc) အစည်းအဝေးမှ ယူနက်စကိုအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက ဇီဝအဝန်းနယ်မြေအဖြစ် နေရာ၂၆ ခုကို အဆိုပြုတင်သွင်းခဲ့ပြီး ယင်းအနက် ဇီဝအဝန်းနယ်မြေ ၂ဝ ကို အတည်ပြုသတ်မှတ်ရာတွင် မြန်မာနိုင်ငံရှိ အင်းလေးကန်ပါဝင်ခဲ့ကြောင်း ယူနက် စကို၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧရိယာစတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်း သော အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ကို (အာဆီယံအမွေအနှစ်ဥယျာဉ်)အဖြစ် ၁၉၉၉ ခုနှစ် မတ် ၄ ရက်တွင် စတင်သတ်မှတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကျားသစ်၊ ကြောင်မင်း၊ စိုင်၊ ပြောင်၊ ဆတ်၊ ဒရယ်၊ မျောက်လွှဲကျော် မျက်ခုံးဖြူစသည့် နို့တိုက်သတ္တဝါ ၃၇ မျိုး၊ ဒေါင်း၊ အောင်လောင်၊ လင်းတ၊ ရစ်ငှက်မျိုး များစသည့် သစ်တောငှက်မျိုးစိတ် ၃၅ဝ၊ ကြိုးကြာ ခေါင်းနီ၊ ကြိုးကြာခေါင်းမည်း၊ ငှက်ကြီးဝန်ပို စသည့် ရေပျော်ငှက် ၉၉ မျိုးရှိပြီး နှစ်စဉ် ဒေသရေပျော်ငှက် များနှင့် ဆောင်းခိုငှက်များ ကောင်ရေ ၂ဝဝဝဝ ကျော် နားခိုမျိုးပွားနေရာလည်း ဖြစ်သည်။ အင်းတော်ကြီး ကန်အတွင်း ရေနေငါးမျိုးစိတ် ၈ဝ ကျော်ရှိကြောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝ ဝန်းကျင်မှတ်တမ်းများအရ သိရသည်။ သဘာဝအခြေခံခရီးသွား ကမ္ဘာလှည့်ခရီးသည် များ တစ်နှစ်ထက်တစ်နှစ် အင်းတော်ကြီးသို့ ပိုမို လာရောက်လျက်ရှိပြီး ခရီးသွားများဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အစားအစာသန့်ရှင်းမှုနှင့် လတ်ဆတ်သော ဒေသထွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ဟင်းပြင်းရွက်၊ တောငှက်ပျော၊ ကဒတ်ရွက်၊ ငါးပေါက်သီး စသည့်အစာအာဟာရများ စားသုံးနိုင်ခြင်း၊ ဒေသထွက် သဘာဝပစ္စည်းများ ရောင်း/ဝယ်နိုင်ခြင်း၊ ကျေးရွာများ၌ နိုင်ငံခြားသားများ တည်းခိုနေနိုင်သည့် အဆောက်အအုံ များစသည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် စီမံသွားမည်ဖြစ်ကြောင်း သိရသည်။ အင်းတော်ကြီးတွင် လေ့လာနိုင်သော အခွင့် အလမ်းများအဖြစ် သမိုင်းဝင်အင်းတော်ကြီးရေလယ် ရွှေမဉ္ဇူဘုရားကို သာယာရှုမောကြည်ညိုဖွယ် ဖူးတွေ့ မြင်နိုင်ခြင်း၊ အရှေ့တောင်အာရှတွင် အကြီးဆုံး ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကိုလေ့လာနိုင်ခြင်း၊ ဆင်ဖြင့်လည်းကောင်း၊ စက်လှေ ဖြင့် လည်းကောင်း၊ မိရိုးဖလာ လှော်ခတ်သည့် လှေသမ္ဗန်ဖြင့် လည်းကောင်း၊ ရေပျော်ငှက်၊ ဆောင်း ခိုငှက်များကို ကန်ပတ်လည်ကြည့်ရှုနိုင်ခြင်း၊ ယဉ် ကျေးမှုအမွေအဖြစ် ဒေသသစ်သားတိုင်ရှည်ကြီးများ ဖြင့် ဆောက်လုပ်ထားသော နန့်မီးလောင်ဘုန်းတော် ကြီးကျောင်း၊ လုံးစန့်ကျေးရွာရှိ ရှေးဟောင်းဘုရား များ၊ ဒေသသမိုင်းအဆိုအရ လွဲမွန်မုဆိုးမခြေရာ၊ နတ်နန်း၊ လုံးတုံ၊ မိုင်းနောင်၊ နန့်မီးလောင်ကျေးရွာ မိရိုးဖလာ လက်မှုပညာရပ်အဖြစ် နှီး၊ ကြိမ်၊ သင်ဖြူးဖျာ၊ ရက်လုပ်ခြင်းနှင့် ဂျပ်ခုတ်လက်ရက်ကန်း၊ နန့်ပဒဲ ကျေးရွာမှ ဝါးခွက်၊ ဝါးယပ်တောင်လုပ်ငန်း၊ ဟဲပန်၊ ကျေးရွာမှ ဘူးခါးသီးဖြင့်ပြုလုပ်သည့် ဘူးခါးခွက် အသုံးအဆောင်မျိုးစုံကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ် ကြောင်းနှင့် သဘာဝပေါက်သစ်ပင်မျိုးစုံ၊ ကုန်းနေ ရေနေ၊ တွားသွားသတ္တဝါမျိုးစိတ် မျိုးကွဲများ၊ သစ်ခွ များ၊ လိပ်ပြာများ၊ အင်းဆက်များ၊ ငါးမျိုးစိတ် များကို လည်းကောင်း လေ့လာနိုင်မည်ဖြစ်သည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (အာဆီယံ အမွေအနှစ်ဥယျာဉ်) အဖြစ် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော အင်းတော်ကြီးကို လူသား နှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ တင်ပြခြင်းဖြင့် အနာဂတ်ကာလ အင်းတော်ကြီးဒေသ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ မိုးအောင်(ကချင်မြေ) အင်းတော်ကြီးအင်းကို UNESCO သို့ လူသားနှင့် ဇီဝအ၀န်းနယ်မြေသတ်မှတ်နိုင်ရေး တင်ပြမည် ================================ အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏ ရေပြင် စတုရန်းမိုင် ၁ဝဝ ကျယ်ဝန်းသော အကြီးဆုံးရေကန် ဖြစ်ပြီး အရှေ့တောင်အာရှတွင်လည်း အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသတစ်ခုအဖြစ် အသိအမှတ် ပြုထားလျက်ရှိသည်။ အင်းတော်ကြီးဒေသ တည် နေရာမှာ မိုးညှင်းမြို့နယ် မိုးညှင်းခရိုင် ကချင်ပြည်နယ် ၌ တည်ရှိသည်။ အာဆီယံအမွေအနှစ် ဥယျာဉ် တစ်ခုဖြစ်သည့် အင်းတော်ကြီးကို လူသားနှင့် ဇီဝ အဝန်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရေး UNESCO သို့တင်ပြရန် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အင်းတော်ကြီးဒေသကို MaB လူသားနှင့် ဇီဝအဝန်းနယ်မြေ သတ်မှတ်နိုင်ရေးအတွက် အင်းတော်ကြီးဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကွင်းဆင်းဆောင်ရွက်ချက်များ၊ ဒေသခံပြည်သူတို့ ၏ ပူးပေါင်းပါဝင်မှုများကို ပြုစုပြီး နေပြည်တော် သစ်တောဦးစီးဌာနသို့ တင်ပြ၍ ပြည့်စုံလုံလောက် သောအဆင့်ဖြစ်ပါက UNESCO သို့ ဆက်လက် တင်ပြမည်ဖြစ်ပါကြောင်း ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးဌေးဝင်းက ပြောပြသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (MaB Lcc) အစည်းအဝေးမှ ယူနက်စကိုအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက ဇီဝအဝန်းနယ်မြေအဖြစ် နေရာ၂၆ ခုကို အဆိုပြုတင်သွင်းခဲ့ပြီး ယင်းအနက် ဇီဝအဝန်းနယ်မြေ ၂ဝ ကို အတည်ပြုသတ်မှတ်ရာတွင် မြန်မာနိုင်ငံရှိ အင်းလေးကန်ပါဝင်ခဲ့ကြောင်း ယူနက် စကို၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧရိယာစတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်း သော အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ကို (အာဆီယံအမွေအနှစ်ဥယျာဉ်)အဖြစ် ၁၉၉၉ ခုနှစ် မတ် ၄ ရက်တွင် စတင်သတ်မှတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကျားသစ်၊ ကြောင်မင်း၊ စိုင်၊ ပြောင်၊ ဆတ်၊ ဒရယ်၊ မျောက်လွှဲကျော် မျက်ခုံးဖြူစသည့် နို့တိုက်သတ္တဝါ ၃၇ မျိုး၊ ဒေါင်း၊ အောင်လောင်၊ လင်းတ၊ ရစ်ငှက်မျိုး များစသည့် သစ်တောငှက်မျိုးစိတ် ၃၅ဝ၊ ကြိုးကြာ ခေါင်းနီ၊ ကြိုးကြာခေါင်းမည်း၊ ငှက်ကြီးဝန်ပို စသည့် ရေပျော်ငှက် ၉၉ မျိုးရှိပြီး နှစ်စဉ် ဒေသရေပျော်ငှက် များနှင့် ဆောင်းခိုငှက်များ ကောင်ရေ ၂ဝဝဝဝ ကျော် နားခိုမျိုးပွားနေရာလည်း ဖြစ်သည်။ အင်းတော်ကြီး ကန်အတွင်း ရေနေငါးမျိုးစိတ် ၈ဝ ကျော်ရှိကြောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝ ဝန်းကျင်မှတ်တမ်းများအရ သိရသည်။ သဘာဝအခြေခံခရီးသွား ကမ္ဘာလှည့်ခရီးသည် များ တစ်နှစ်ထက်တစ်နှစ် အင်းတော်ကြီးသို့ ပိုမို လာရောက်လျက်ရှိပြီး ခရီးသွားများဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အစားအစာသန့်ရှင်းမှုနှင့် လတ်ဆတ်သော ဒေသထွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ဟင်းပြင်းရွက်၊ တောငှက်ပျော၊ ကဒတ်ရွက်၊ ငါးပေါက်သီး စသည့်အစာအာဟာရများ စားသုံးနိုင်ခြင်း၊ ဒေသထွက် သဘာဝပစ္စည်းများ ရောင်း/ဝယ်နိုင်ခြင်း၊ ကျေးရွာများ၌ နိုင်ငံခြားသားများ တည်းခိုနေနိုင်သည့် အဆောက်အအုံ များစသည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် စီမံသွားမည်ဖြစ်ကြောင်း သိရသည်။ အင်းတော်ကြီးတွင် လေ့လာနိုင်သော အခွင့် အလမ်းများအဖြစ် သမိုင်းဝင်အင်းတော်ကြီးရေလယ် ရွှေမဉ္ဇူဘုရားကို သာယာရှုမောကြည်ညိုဖွယ် ဖူးတွေ့ မြင်နိုင်ခြင်း၊ အရှေ့တောင်အာရှတွင် အကြီးဆုံး ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကိုလေ့လာနိုင်ခြင်း၊ ဆင်ဖြင့်လည်းကောင်း၊ စက်လှေ ဖြင့် လည်းကောင်း၊ မိရိုးဖလာ လှော်ခတ်သည့် လှေသမ္ဗန်ဖြင့် လည်းကောင်း၊ ရေပျော်ငှက်၊ ဆောင်း ခိုငှက်များကို ကန်ပတ်လည်ကြည့်ရှုနိုင်ခြင်း၊ ယဉ် ကျေးမှုအမွေအဖြစ် ဒေသသစ်သားတိုင်ရှည်ကြီးများ ဖြင့် ဆောက်လုပ်ထားသော နန့်မီးလောင်ဘုန်းတော် ကြီးကျောင်း၊ လုံးစန့်ကျေးရွာရှိ ရှေးဟောင်းဘုရား များ၊ ဒေသသမိုင်းအဆိုအရ လွဲမွန်မုဆိုးမခြေရာ၊ နတ်နန်း၊ လုံးတုံ၊ မိုင်းနောင်၊ နန့်မီးလောင်ကျေးရွာ မိရိုးဖလာ လက်မှုပညာရပ်အဖြစ် နှီး၊ ကြိမ်၊ သင်ဖြူးဖျာ၊ ရက်လုပ်ခြင်းနှင့် ဂျပ်ခုတ်လက်ရက်ကန်း၊ နန့်ပဒဲ ကျေးရွာမှ ဝါးခွက်၊ ဝါးယပ်တောင်လုပ်ငန်း၊ ဟဲပန်၊ ကျေးရွာမှ ဘူးခါးသီးဖြင့်ပြုလုပ်သည့် ဘူးခါးခွက် အသုံးအဆောင်မျိုးစုံကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ် ကြောင်းနှင့် သဘာဝပေါက်သစ်ပင်မျိုးစုံ၊ ကုန်းနေ ရေနေ၊ တွားသွားသတ္တဝါမျိုးစိတ် မျိုးကွဲများ၊ သစ်ခွ များ၊ လိပ်ပြာများ၊ အင်းဆက်များ၊ ငါးမျိုးစိတ် များကို လည်းကောင်း လေ့လာနိုင်မည်ဖြစ်သည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (အာဆီယံ အမွေအနှစ်ဥယျာဉ်) အဖြစ် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော အင်းတော်ကြီးကို လူသား နှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ တင်ပြခြင်းဖြင့် အနာဂတ်ကာလ အင်းတော်ကြီးဒေသ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ မိုးအောင်(ကချင်မြေ)

No comments: