မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
ဇူလိုင် ၁၇ ရက်နေ့က မလိယန်ကျေးရွာတွင် KIA မှ မိသားစုလိုက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

၎င်း မိသားစုဝင်များမှာ လီဆူးနှင့် ရှမ်း မိသားစု(၂)စုဖြစ်ပြီး စုစုပေါင်း (၁၀)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထိုမိသားစု(၂)စုထဲမှ (၂)ဦးမှာ တောင်ယာသွားနေခြင်းကြောင့်သာ ဖမ်းဆီးမခံရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုလူ(၂)ဦးမှာ မလိယန်ကျေးရွာတွင် မနေရဲတော့ပဲ ဆွမ်ပရာဘွမ် မြို့သို့ သွားရောက်ကာ သက်ဆိုင်ရာကို ၎င်းတို့မိသားစု အမြန်ပြန်လည်ရရှိရေးအတွက် တိုင်ကြား ထားကြောင်း သိရှိရပါသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ လီဆူးနှင့် ရှမ်းများဖြစ်ပြီး ယောင်္ကျား(၃)ဦး မ(၇)ဦးဖြစ်ပြီး (၃)နှစ်အရွယ် ကလေး (၂)ဦးနှင့် လသားအရွယ် ကလေး(၂)ဦး ပါဝင်ကြောင်း သိရှိရပါသည်။
၎င်းမိသားစုဝင်များ ပြန်လည်ရရှိရေးအတွက် ဒေသခံများနှင့် တပ်မတော်စစ်ကြောင်းများ ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
Voice Of Kachin
Credit-Htar Nay ဇူလိုင် ၁၇ ရက်နေ့က မလိယန်ကျေးရွာတွင် KIA မှ မိသားစုလိုက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
၎င်း မိသားစုဝင်များမှာ လီဆူးနှင့် ရှမ်း မိသားစု(၂)စုဖြစ်ပြီး စုစုပေါင်း (၁၀)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထိုမိသားစု(၂)စုထဲမှ (၂)ဦးမှာ တောင်ယာသွားနေခြင်းကြောင့်သာ ဖမ်းဆီးမခံရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုလူ(၂)ဦးမှာ မလိယန်ကျေးရွာတွင် မနေရဲတော့ပဲ ဆွမ်ပရာဘွမ် မြို့သို့ သွားရောက်ကာ သက်ဆိုင်ရာကို ၎င်းတို့မိသားစု အမြန်ပြန်လည်ရရှိရေးအတွက် တိုင်ကြား ထားကြောင်း သိရှိရပါသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ လီဆူးနှင့် ရှမ်းများဖြစ်ပြီး ယောင်္ကျား(၃)ဦး မ(၇)ဦးဖြစ်ပြီး (၃)နှစ်အရွယ် ကလေး (၂)ဦးနှင့် လသားအရွယ် ကလေး(၂)ဦး ပါဝင်ကြောင်း သိရှိရပါသည်။
၎င်းမိသားစုဝင်များ ပြန်လည်ရရှိရေးအတွက် ဒေသခံများနှင့် တပ်မတော်စစ်ကြောင်းများ ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
Voice Of Kachin
Credit-Htar Nay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment