မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
KIA အဖွဲ့မှ မိုင်းများထောင်ထား မှုကြောင့် ဒေသခံတိုင်းရင်းသားများ ကြောက်ရွံ့ထိတ်လန့်

22-7-2015
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကျင်ကျေးရွာအနီးသို့ ဇူလိုင်လ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိလာပြီး မိုင်းများထောင်ထားမှုကြောင့် ဒေသခံရွာသားများ ကြောက်ရွံ့ထိတ်လန့်နေကြကြောင်း သိရှိရပါသည်။
အဆိုပါ KIA အဖွဲ့သည် နန်းကျင်ကျေးရွာ၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဘူးဂါးရာဘာခြံနေရာ အနီးတစ်ဝိုက်တွင် ဖြန့်ခွဲအခြေပြုပြီး တပ်မတော်စစ်ကြောင်းများ ချီတက်လာနိုင်သော လမ်းကြောင်း တစ်လျှောက်တွင် နင်းမိုင်းများထောင်ထားကြောင်းနှင့် ရာဘာခြံအလုပ်သမားများအား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြောကြားပါသည်။
“ ထောင်တာကတော့ အစိုးရတပ်တွေလာနိုင်တဲ့လမ်းကြောင်းကို ထောင်တာပဲ၊ ဒါပေမယ့် ရွာသားတွေက ဒီဒေသ အတွင်းမှာ ထင်းရှာ၊ ရေခပ်နဲ့ ငါးဖမ်းတဲ့အခါမှာ KIA အဖွဲ့ ထောင်ထားတဲ့မိုင်းတွေနင်းမိကုန်တာ၊ ကိုယ့်လူမျိုး ကိုယ်ပြန်ပြီး ဒုက္ခပေးနေတာပဲလေ ”ဟု ဒေသခံရွာသားတစ်ဦးကပြောကြားခဲ့သည်။
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားမှုကြောင့် ဒေသခံ ရွာသားများမှာ မကြာခဏမိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ၊ အသက်များဆုံးရှုံးလျက်ရှိကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလအတွင်း မိုင်းများထောင်ထားမှုကြောင့် အစိုးရတပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်လာ နိုင်ကြောင်း မြစ်ကြီးနားမြို့ခံ ကျောင်းဆရာ တစ်ဦးက ပြောကြားသွားပါသည်။
ဆိုင်းနော်(ဖားကန့်) KIA အဖွဲ့မှ မိုင်းများထောင်ထား မှုကြောင့် ဒေသခံတိုင်းရင်းသားများ ကြောက်ရွံ့ထိတ်လန့်

ဆိုင်းနော်(ဖားကန့်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment