မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
ရေကြီးမှုလျော့ကျသော်လည်း မိုးကြီးပါက ယခင်ထက်ရေပိုကြီးနိုင်
ရေကြီးမှုလျော့ကျသော်လည်း မိုးကြီးပါက ယခင်ထက်ရေပိုကြီးနိုင်
မိုးကောင်းရေကြီးမှု ယနေ့ ဇူလိုင် ၂၃ရက်နေ့တွင် ၂ပေခန့်လျော့ကျသွားသော်လည်း အထက်ဘက်ဖြစ်သည့် မိုးညှင်း၊ ကားမိုင်းမြို့တို့တွင် ယခုလက်ရှိမိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပေါ် လာပါက ယခင် မိုးကောင်းမြို့တွင် ရေကြီးခဲ့သည့် စံချိန် ထက်ကျော်လွန်သွားနိုင်သည်ဟု ကယ်ဆယ်ရေး လုပ်နေသည့် သင်းထောက်ဆရာ ဦးလတောင်မှဆိုသည်။
“ ဒီနေ့တော့ ၂ပေလောက်ကျတယ် ဒါပေမယ့်အခုပြန်ငြိမ်နေတယ်။ မိုးရွာနေတော့ ရေပြန်ကြီးလာမှာ စိုးရိမ်တယ်။ မိုးညှင်း ကားမိုင်းဘက်မှာ မိုးကြီးရင်တော့ အရင်ထက် သေချာပေါက်ရေပိုကြီးသွားလိမ့်မယ်” ဟု၎င်းကဆိုသည်။
ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်များအတွက် သောက်ရေထားရှိရန်အတွ
က် ရေပုံး ၄၀၀အား မိုးကောင်းကချင်နှစ်ခြင်းအသင်းတော်မှပေးဝေသွား မည်ဖြစ်ပြီး ဝမ်းရောဂါဖြစ်ပွားလာမည် ကိုစိုးရိမ်သည့်အတွက် ရေသန့်ဆေးများကိုလည်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရေသန့်ဆေးအား KBC ERC မှ ကူညီခဲ့ပြီး အစိုးရမှ ရေဘေးဒုက္ခသည်များအတွက်ကူညီမှု နည်းနေသည်ကြောင်းလည်းသိရသည်။
၁၉၉၇ ခုနှစ်တွင် မိုးကောင်း ရေကြီးမှုသည် စံချိန်တင်ရေကြီးမှုဖြစ်ပွားခဲ့ပြီး ယခုနှစ်ရေကြီးမှုသည်လည်း ယင်းစံချိန်ရောက်ဖို့တွင် အနည်းငယ်သာလိုသည်ဟု ဦးလတောင်မှဆိုသည်။
Kachinwaves
Subscribe to:
Post Comments (Atom)
No comments:
Post a Comment