Thursday, July 23, 2015

ဦးအောင်သောင်း၏ ဘ၀အကျဉ်း

ဦးအောင်သောင်း၏ ဘ၀အကျဉ်း ဦးအောင်သောင်းသည် ကျောင်းဆရာဘ၀မှ တပ်မတော်ထဲ ၀င်ရောက်ခဲ့သူဖြစ်သည်။ ကလောအမှတ်(၇) ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီမှူး (ပထမတန်း)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဗျူဟာမှူး (မိုးကုတ်)၊ မကွေးတိုင်းတွင် တ၀တ ဥက္ကဋ္ဌ၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး၊ မွေးရေ ၀န်ကြီးဌာန-၀န်ကြီး၊ စက်မှု (၁)၀န်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအာဏာရ ကြံ့ခိုင်ရေးပါတီတွင် နာယက တာဝန်၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ မန္တလေးတိုင်း တောင်သာမြို့နယ် ၀ဲလောင်မြို့နယ်ခွဲ ကျောက္ကာရွာသား ဖြစ်သည်။ စစ်အစိုးရ လက်ထက်တွင် စက်မှု (၁)၀န်ကြီးဌာနမှ စက်ရုံအလုပ်ရုံပေါင်း တစ်ရာကျော်ကို နိုင်ငံတော် ဘဏ္ဍာဖြင့် တည်ဆောက်ခဲ့ရာတွင် ဦးအောင်သောင်း၏ မိသားစုသည် စတင် ချမ်းသာလာခဲ့သည်ဟု နီးစပ်သူများက ပြောခဲ့သည်။ ဦးအောင်သောင်းသည် စစ်အစိုးရ လက်ထက်တွင် မကွေးတိုင်း တ၀တဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေရာမှ မကွေးတိုင်း တ၀တ ဥက္ကဋ္ဌတို့ ကြီးပွားသည့် အတိုင်း ကုန်သွယ်ရေးတွင် ဒုတိယ၀န်ကြီး ဖြစ်လာခဲ့သည်။ မကွေးတိုင်း တ၀တ ဥက္ကဋ္ဌ အားလုံးသည် ၀န်ကြီးများ ဖြစ်ခဲ့ကြသည်။ ဦးဇော်မင်းသည် လျှပ်စစ်ဝန်ကြီး ဖြစ်ခဲ့ပြီး ဦးဖုန်းမော်ရွှေသည် လက်ရှိ တွင်မကွေးတိုင်း ၀န်ကြီးချုပ် အဖြစ် ဆောင်ရွက်နေသည်။ ၁၉၉၇ ခုနှစ်တွင် ကုန်သွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်နှင့် အရာရှိကြီးများ ရာထူးမှ အနားပေးခံရခြင်း၊ အများစုမှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရခြင်းတွင် ဦးအောင်သောင်းက ထောက်လှမ်းရေးကို လက်ထောက် ချခဲ့ခြင်းဖြစ်သည်ဟု ထောက်လှမ်းရေး အရာရှိဟောင်းများက ပြောကြသည်။ ထို့ကြောင့် ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားကိုးယုံကြည်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ထိုမှစက်မှု (၁)၀န်ကြီး ဖြစ်လာချိန်တွင် နိုင်ငံတော် အတွက် တစ်ခုမှ မမြတ်စွန်း သော စက်ရုံများကို တစ်ရာကျော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ ကက်ဘိနက် အစည်းအဝေး တစ်ခုတွင် ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ကျုပ်က လက်ညှိုးထောင် ခေါင်းညိမ့်သမား မဟုတ်ဘူးဟု ပြောခဲ့သည့် စကားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ချက်ခြင်းသတင်းပို့ခဲ့သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ ဘိလိယက် ထိုးရင်း တီးတိုးစကားပြောနိုင်သည် အထိ ယုံကြည်မှု ရခဲ့သည်။ သူ၏သား ဗိုလ်ကြီး ပြည်အောင်သည် လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သမီးနှင့် လက်ထပ်ခဲ့ခြင်းဖြင့် သူ၏သြဇာအာဏာကို ပိုမိုတည်ဆောက်နိုင်ခဲ့သည်။ သူဝန်ကြီး ဘ၀ တစ်လျှောက်တွင် တောင်သာသားမှန်က အလုပ်လာလျှောက်သည်နှင့် ခန့်ပေး သည့် အစဉ်အလာ တစ်ရပ် လုပ်ခဲ့ပြီး တောင်သာ မြို့နယ်တွင် ဦးအောင်သောင်းသည် သြဇာကို ခိုင်မာအောင် ထူထောင်ထားနိုင်ခဲ့သည်။ ဦးအောင်သောင်း၏ ဘ၀အကျဉ်း ဦးအောင်သောင်းသည် ကျောင်းဆရာဘ၀မှ တပ်မတော်ထဲ ၀င်ရောက်ခဲ့သူဖြစ်သည်။ ကလောအမှတ်(၇) ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီမှူး (ပထမတန်း)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဗျူဟာမှူး (မိုးကုတ်)၊ မကွေးတိုင်းတွင် တ၀တ ဥက္ကဋ္ဌ၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး၊ မွေးရေ ၀န်ကြီးဌာန-၀န်ကြီး၊ စက်မှု (၁)၀န်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအာဏာရ ကြံ့ခိုင်ရေးပါတီတွင် နာယက တာဝန်၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ မန္တလေးတိုင်း တောင်သာမြို့နယ် ၀ဲလောင်မြို့နယ်ခွဲ ကျောက္ကာရွာသား ဖြစ်သည်။ စစ်အစိုးရ လက်ထက်တွင် စက်မှု (၁)၀န်ကြီးဌာနမှ စက်ရုံအလုပ်ရုံပေါင်း တစ်ရာကျော်ကို နိုင်ငံတော် ဘဏ္ဍာဖြင့် တည်ဆောက်ခဲ့ရာတွင် ဦးအောင်သောင်း၏ မိသားစုသည် စတင် ချမ်းသာလာခဲ့သည်ဟု နီးစပ်သူများက ပြောခဲ့သည်။ ဦးအောင်သောင်းသည် စစ်အစိုးရ လက်ထက်တွင် မကွေးတိုင်း တ၀တဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေရာမှ မကွေးတိုင်း တ၀တ ဥက္ကဋ္ဌတို့ ကြီးပွားသည့် အတိုင်း ကုန်သွယ်ရေးတွင် ဒုတိယ၀န်ကြီး ဖြစ်လာခဲ့သည်။ မကွေးတိုင်း တ၀တ ဥက္ကဋ္ဌ အားလုံးသည် ၀န်ကြီးများ ဖြစ်ခဲ့ကြသည်။ ဦးဇော်မင်းသည် လျှပ်စစ်ဝန်ကြီး ဖြစ်ခဲ့ပြီး ဦးဖုန်းမော်ရွှေသည် လက်ရှိ တွင်မကွေးတိုင်း ၀န်ကြီးချုပ် အဖြစ် ဆောင်ရွက်နေသည်။ ၁၉၉၇ ခုနှစ်တွင် ကုန်သွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်နှင့် အရာရှိကြီးများ ရာထူးမှ အနားပေးခံရခြင်း၊ အများစုမှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရခြင်းတွင် ဦးအောင်သောင်းက ထောက်လှမ်းရေးကို လက်ထောက် ချခဲ့ခြင်းဖြစ်သည်ဟု ထောက်လှမ်းရေး အရာရှိဟောင်းများက ပြောကြသည်။ ထို့ကြောင့် ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားကိုးယုံကြည်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ထိုမှစက်မှု (၁)၀န်ကြီး ဖြစ်လာချိန်တွင် နိုင်ငံတော် အတွက် တစ်ခုမှ မမြတ်စွန်း သော စက်ရုံများကို တစ်ရာကျော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ ကက်ဘိနက် အစည်းအဝေး တစ်ခုတွင် ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ကျုပ်က လက်ညှိုးထောင် ခေါင်းညိမ့်သမား မဟုတ်ဘူးဟု ပြောခဲ့သည့် စကားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ချက်ခြင်းသတင်းပို့ခဲ့သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ ဘိလိယက် ထိုးရင်း တီးတိုးစကားပြောနိုင်သည် အထိ ယုံကြည်မှု ရခဲ့သည်။ သူ၏သား ဗိုလ်ကြီး ပြည်အောင်သည် လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သမီးနှင့် လက်ထပ်ခဲ့ခြင်းဖြင့် သူ၏သြဇာအာဏာကို ပိုမိုတည်ဆောက်နိုင်ခဲ့သည်။ သူဝန်ကြီး ဘ၀ တစ်လျှောက်တွင် တောင်သာသားမှန်က အလုပ်လာလျှောက်သည်နှင့် ခန့်ပေး သည့် အစဉ်အလာ တစ်ရပ် လုပ်ခဲ့ပြီး တောင်သာ မြို့နယ်တွင် ဦးအောင်သောင်းသည် သြဇာကို ခိုင်မာအောင် ထူထောင်ထားနိုင်ခဲ့သည်။

No comments: