မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 24, 2015
ရေလွှမ်းနေသည့် မိုးကောင်းမြို့ရေပြန်ကျပြီ =============================
ရေလွှမ်းနေသည့် မိုးကောင်းမြို့ရေပြန်ကျပြီ
=============================
မိုးကောင်း ဇူလိုင် ၂၃
ကချင်ပြည်နယ် မိုးကောင်းမြို့အတွင်း၌ မိုးရွာသွန်းမှုကြောင့် ခုနစ်ရက် တိတိ ရေလွှမ်းမိုးခြင်းခံရပြီး မြို့တွင်းရှိ လူနေအိမ်ရပ်ကွက်များ အိမ် အမြင့် များမှအပ အိမ်နိမ့်များအားလုံး နစ်မြုပ်ခဲ့ရသည်။ ရေလွှမ်းခြင်းခံရသော ရပ်ကွက်ရှိ လူနေအိမ်များ ဇူလိုင် ၂၃ ရက်တွင် ရေပြန်ကျလာပြီဖြစ်၍ ဝမ်းသာပျော်ရွှင်နေကြသည်။
''ရေလွှမ်းနေတာတော့ ဒီနေ့ပြန်ကျသွားပြီဖြစ်ပါတယ်။ အခုလို ရေဘေး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီး ကူညီဆောင်ရွက်ပေးကြတဲ့သူတွေကို ကျေးဇူးတင်ရမှာပါ။
နောက်ပြီး ထမင်းထုပ်တွေ၊ ပုဆိုးတွေ ဝေငှပေးတဲ့အဖွဲ့အစည်းတွေကို လည်း ကျေးဇူးတင်ပါတယ်။ အမေများအဖွဲ့ကလည်း ဘူတာမှာ ထမင်းထုပ် တွေ တစ်ရက်ကို နှစ်ကြိမ်ဝေပေးနေတာ မြင်ရပါတယ်။ ဒီလို ဘက်ပေါင်း စုံက လူသားချင်းစာနာစိတ်ဖြင့် ဝိုင်းဝန်းကူညီခဲ့လို့ ရေဘေးဒုက္ခသည်တွေ အဆင်ပြေခဲ့ပါတယ်'' ဟု မိုးကောင်းမြို့ မဟောင်အုပ်စု နော်ကိုက်တောင် ရပ်ကွက်နေ ဦးထွန်းမော်က ပြောကြားခဲ့သည်။
မိုးများသည်းထန်စွာရွာခဲ့ခြင်းကြောင့် နန့်ရင်းချောင်းနှင့် နန့်ကောင်း ချောင်းဆုံရှိ ဒေသများဖြစ်သည့် မိုးကောင်းမြို့ရှိ မဟောင်အုပ်စု နော်ကိုက် တောင် ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ကြာအင်း(၁)၊ ကြာအင်း(၂)ရပ်ကွက်နှင့် အိုးတန်းရပ်ကွက်၊ အောက်ရှမ်းစုရပ်ကွက်၊ ရဲစခန်းများနှင့် စာသင်ကျောင်း များ ဇူလိုင် ၁၇ ရက်မှ စတင်ကာ ရေဝင်ရောက်လာသဖြင့် စာသင်ကျောင်းများ မှာ ပိတ်ထားခဲ့ရသည်။
ထို့အပြင် မိုးကောင်းမြို့ရှိ ရွှေသာလျောင်းဘုရားကြီးဝင်းတွင်ရှိသော ဓမ္မာရုံအဆောက်အအုံတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြပြီး ရေများ ပြန်ကျသွား၍ စာသင်ကျောင်းများကို သန့်ရှင်းရေးလုပ်ငန်းများ ပြန်လည်လုပ် ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။
သန်းမောင်လေး(ကချင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment