မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 24, 2015
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ================================================
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်
==================================================
ကောလင်း ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးသာအေး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၂၃ ရက်က ကောလင်းသို့ ရောက်ရှိလာပြီး ရေနစ်မြုပ် လယ်များ ပြန်လည် ထွန်ယက်နိုင်ရေးအတွက် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ထွန်စက်များရောက်ရှိလာမှုကို စစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် သက်ဆိုင်ရာတာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် အလယ်ကျောင်းပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွား ရောက်ပြီး ဝန်ကြီးချုပ်က ရေနစ်မြုပ် သောကျောင်းများအတွက် ကျောင်း သုံးစာရေးကိရိယာများနှင့် တောင်သူ များကို မျိုးစပါးများ ထောက်ပံ့ပေးအပ် ပြီး အနောက်မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ လူဦးရေ ၈ဝ၇၁ ဦးအတွက် ဆန်ဖိုးငွေ ကျပ် ၆၆၂၅၈ဝဝ နှင့် နေအိမ်ပျက်စီး ဆုံးရှုံးသူများအတွက် ထောက်ပံ့ ငွေများ၊ ရွှေသံလွင်ကုမ္ပဏီက ငွေကျပ် သိန်း ၂ဝဝ နှင့် ငွေကျပ် ၃၂ သိန်းခန့် တန်ဖိုးရှိ အဝတ်အထည်များနှင့် ငွေကျပ် ၂၈ သိန်းခန့်တန်ဖိုးရှိ တီဗွီ နှင့် Skynet ရုပ်သံ စလောင်းများ၊ မန္တလေးမြို့၊ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ငွေကျပ်သိန်း ၁၅ဝ ခန့်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များ၊ မြို့နယ်အသီးသီးရှိ Skynet ကိုယ်စားလှယ်များက ငွေကျပ် ၃၁ သိန်းတို့ကို ပေးအပ်လှူဒါန်းကြပြီး နိုင်ငံတော်အစိုးရနှင့် ဒေသအသီးသီး မှ အဖွဲ့အစည်းများ၊ အလှူရှင်များက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို စဉ်ဆက်မပြတ် ပေးပို့ထောက်ပံ့ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

(မြို့နယ် ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment