Thursday, July 23, 2015

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း ရေကြီး နစ်မြှုပ်ပျက်စီး သွားသော ရထား လမ်းပိုင်းများအား ကွင်းဆင်းစစ်ဆေး၊ ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရေး စီစဉ်ညွှန်ကြား ဆောင်ရွက်ပေး

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း ရေကြီး နစ်မြှုပ်ပျက်စီး သွားသော ရထား လမ်းပိုင်းများအား ကွင်းဆင်းစစ်ဆေး၊ ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရေး စီစဉ်ညွှန်ကြား ဆောင်ရွက်ပေး နေပြည်တော် ဇူလိုင်လ ၂၃ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းသည် မြန်မာ့မီးရထားမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၂-၇-၂၀၁၅ ရက်နေ့ (၁၃း၀၀) နာရီတွင် ကန့်ဘလူမှ ကံကြီး- ဇော်ချောင်းကြား ရေတိုက်စား လမ်းပိုင်းသို့ သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများ သယ်ယူ ပို့ဆောင်နေမှု၊ လုပ်သားများ အင်အား အပြည့်‌အဝဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်နေမှုတို့ကို လုပ်ငန်းခွင်အရောက် ကွင်းဆင်းကြည့်‌ရှု ဖြည့်‌ဆည်း ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် မန္တလေး- မြစ်ကြီးနား ခရီးစဉ် ပြတ်တောက်မှု မရှိစေရေးအတွက် အောက်ပါအတိုင်း စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါသည်- မန္တလေး- မြစ်ကြီးနား အဆန် ခရီးစဉ် တစ်လျှောက်လုံး အတွက် မန္တလေးမှ ကန့်ဘလူသို့ ရထားဖြင့် ပို့ဆောင်ပေးပြီး ကန့်ဘလူ - ကောလင်း ကြားတွင် ကုန်းလမ်း ပို့ဆောင်ရေးမှ မော်တော်ယာဉ် (၅)စီးဖြင့် ခရီးသည် (၁)ဦးလျှင် (၁၀၀၀ိ/-)သာ ကောက်ခံစေပြီး ကူးပြောင်း ပို့ဆောင်ပေးရန် စီစဉ် ဆောင်ရွက် ထားရှိပါသည်။ မန္တလေးမှ အဆန် အထူးရထားသည် (၀၅း၃၀)နာရီ ထွက်ခွာပြီး ကန့်ဘလူသို့ (၁၃း၀၀)နာရီ ရောက်ရှိပါမည်။ ကန့်ဘလူမှ ကုန်းလမ်း ပို့ဆောင်ရေး ယာဉ်များသည် (၁၃း၃၀)နာရီ ထွက်ခွာပြီး ကောလင်းသို့ (၁၉း၀၀) နာရီ ရောက်ရှိပါမည်။ ကောလင်းမှ အဆန် အထူး ရထားသည် (၂၁း၀၀)နာရီတွင် ထွက်ခွာပြီး မြစ်ကြီးနားသို့ နောက်နေ့ နံနက် (၁၁း၀၀)နာရီ ရောက်ရှိပါမည်။ ထို့နည်းတူစွာ မြစ်ကြီးနားမှ အစုန် အထူးရထားသည် (၁၂း၀၀)နာရီ ထွက်ခွာပြီး ကောလင်းသို့ (၁၄း၀၀)နာရီ ရောက်ရှိပါမည်။ ကောလင်းမှ ကပရ ယာဉ်များသည် (၀၂း၃၀) နာရီ ထွက်ခွာပြီး ကန့်ဘလူသို့ (၀၈း၀၀)နာရီ ရောက်ရှိပါမည်။ ကန့်ဘလူမှ အစုန် အထူးရထားသည် (၀၈း၃၀)နာရီ ထွက်ခွာပြီး မန္တလေးသို့ (၁၆း၀၀)နာရီ ရောက်ရှိပါမည်။ ပြုပြင်ရန် လိုအပ်သော ရထား လမ်းပိုင်းအား ပြုပြင်ပေးလျက် ရှိသကဲ့သို့ ခရီးသည် များကိုလည်း မန္တလေး - မြစ်ကြီးနား ခရီးစဉ် ဖြတ်တောက်မှု မရှိစေရေး အတွက် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် စီစဉ် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း သတင်း ရရှိပါသည်။

No comments: