လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးရာဇ၀င် မှတ်တမ်းစာအုပ်တွင် ဦးအောင်သောင်း၏ မွေးရက်ကို ၁-၁၂-၁၉၄၀ ဟု ဖော်ပြထားပြီး ယင်းမွေးရက် အရ ဦးအောင်သောင်း၏ အသက်သည် ၇၅ နှစ်သာ ဖြစ်ရမည်ဖြစ်သည်။ သို့ရာတွင် မိသားစုနာရေးကြော်ငြာတွင်မူ ဦးအောင်သောင်း၏ အသက်ကို ၇၉ နှစ်ဟု ဖော်ပြထားသည်။
ဦးအောင်သောင်းကို လာမည့် တနင်္လာနေ့ ၂၇-၇-၂၀၁၅ ခုနှစ် ရေဝေးသုသာန်တွင် မီးသဂြိုလ်မည်ဖြစ်သည်။ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးပြည်အောင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ မွေးစား သမီး ဒေါ်နန္ဒာအေးနှင့် လက်ထပ်ထားရာ ဦးအောင်သောင်းနှင့်ဦးမောင်အေး သည် ခမည်းခမက်များတော်စပ်ကြသည်။
No comments:
Post a Comment