မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
KIA,တပ်ရင်း(၇)အား ဗမာတပ်ရင်း (၁၇)ရင်း ဖြင့်ထိုးစစ်ဆင်နေ ========================================
KIA,တပ်ရင်း(၇)အား ဗမာတပ်ရင်း (၁၇)ရင်း ဖြင့်ထိုးစစ်ဆင်နေ
========================================
ယနေ့ (၂၂.၇.၂၀၁၅) ရက်နေ့ ဗုဒ္ဓဟူးနေ့နံနက် (၁၁.၀၀ မှ ၁၂.၃၀)
နာရီ အချိန်အ တွင်း KIA,၊တပ်မဟာ(၁)လက်အောက် တပ်ရင်း(၇)
တပ်ဖွဲ့များ နှင့် ပူတာအို မှ မလိယန်သို့စစ်ကူရန်ဆင်းလာသော
မြန်မာစစ်ကြောင်း ခမရ(၃၈၅)တို့ အကြား ဆွမ်ပီယန်တွင် တိုက်ပွဲ
ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဤတိုက်ပွဲတွင် မြန်မာစစ်တပ်(ခ.မ.ရ-၃၈၅)တပ် ဘက်မှအရာရှိ 2IC
တဦး အပါအ၀င် စုစုပေါင်း(၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း
သိရှိရပါသည်။
ယနေ့ မွန်းလွဲ ( ၁၂.၃၀) နာရီ အချိန်တွင် တိုက်ပွဲခေတ္တနားကာ ညနေ
( ၅.၃၀)နာရီ အချိန် ၌နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်မှာ ည
(၇.၀၀)နာရီအ ချိန်ထိဖြစ်ကြောင်းသိရှိရပါသည်။
(ခမရ ၂၉,၃၇,၅၈,၃၈၁,၃၈၅,၃၈၉ နှင့် (တပ်မ -၄၄) က တပ်ရင်း (၇)
ရင်း စုစုပေါင်း (၁၄) ခု နှင့် ပူတာအို ဆွမ်ပရာဘွမ့် က တပ်ရင်း( ၃) ခု
စုစုပေါင်း (၁၇) ရင်း ဖြင့် KIA တပ်ရင်း (၇) အား ထိုး စစ်ဆင်နေပြီး တဲဝိုင်
တွင်လည်း (ခမရ -၂၈၈) နေရာယူထားကြောင်း KIA တပ်ရင်း (၇)
ရှေ့တန်း အရာရှိမျာဒထံ မှ သတင်းရရှိပါသည်။
(Lachid Kachin) KIA,တပ်ရင်း(၇)အား ဗမာတပ်ရင်း (၁၇)ရင်း ဖြင့်ထိုးစစ်ဆင်နေ

(Lachid Kachin)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment