Friday, July 24, 2015

ဖားကန့်တွင် မြေပြို၍ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သုံးနှစ်အရွယ်ကလေး သေဆုံး

ဖားကန့်မြို့နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရတနာမြေ စာပုံကျေးရွာရှိ တောင်ခြေမှ အိမ်တစ်လုံးပေါ်သို့ မြေပြိုကျကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် (၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။ ‘‘တောင်ခြေမှာရော တောင် ပေါ်မှာပါ အိမ်တချို့ဆောက်နေ ကြတာပေါ့။ အခုက ဒီမှာ မိုးက မရပ်ဘူး။ ရွာနေတာ။ အိမ်ပေါ်ကို တည့်တည့် မြေပြိုကျတာလေ။ သားအမိနှစ်ယောက် သေဆုံးသွားတယ်။ အမေက ကိုယ်ဝန် ကိုးလနဲ့။ ကလေးက (၃)နှစ်အရွယ်’’ဟု ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူသားအမိ အိပ်ပျော်နေချိန်၌ ပြိုကျခြင်းဖြစ် သည်။ ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဇူလိုင် ၂၃ ရက်တွင် ရေလွှမ်းမိုးမှု စတင်ရင်ဆိုင်နေရသည်။

No comments: