Friday, July 24, 2015

သဖန်းဆိပ်ရေလှောင်တမံ ရေလွှတ်ချနေ၍ ရေဘေးအန္တရာယ်သတိပေး

ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ် ရေလှောင်တမံတွင် သိုလှောင်ထားသည့် ရေပမာဏ များနေပြီဖြစ်သောကြောင့် ရေ လွှတ်ချနေပြီး ဆည်အောက်ဘက် ရှိ မူးမြစ်ဘေးတစ်လျှောက် ကျေး ရွာများ ရေဘေးအန္တရာယ် သတိ ပြုရန် အသိပေးထားသည်ဟု စစ်ကိုင်းတိုင်း ဆည်မြောင်းဦးစီးဌာနမှ သတင်းရရှိသည်။ ကျွန်းလှမြို့နယ် အထက် ဘက်ဒေသများတွင် မိုးများနေ သောကြောင့် ဆည်အတွင်းသို့ နောက်ထပ်တိုးလာမည့် ရေပမာ ဏနှင့်ချိန်၍ ရေလွှတ်နေခြင်းဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောသည်။ ‘‘အခုက မိုးကောင်းနေတော့ ဒီဆည်ကို ရေ၀င်တာ များတယ် လေ။ တစ်နေ့ တစ်ခါတလေ ရေ ပမာဏ ဧကပေ သိန်းဂဏန်း ၀င် တာဆိုတော့လေ။ အပေါ်မှာ မိုး ရွာတဲ့ အခြေအနေကို ကြည့်ပြီး တော့ ကြိုတင်လျှော့ချတာပါ’’ဟု ဦးလှရွှေက ပြောသည်။ စစ်ကိုင်းတိုင်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစ၀ီလီဖရန့်ကလည်း သဖန်းဆိပ် ရေလှောင်တမံ ရေလွှတ်နေသော ကြောင့် ဆည်အောက်ဘက်ရှိ ခင်ဦး၊ ရေဦး၊ အရာတော်နှင့် ၀က်လက်မြို့နယ်တို့ကို ဖြတ်သွား သည့် မူးမြစ်ကမ်းဘေးကျေးရွာ များကို ရေဘေးသတိပြုရန် ကြို တင် အသိပေးထားသည်ဟု ပြော သည်။ ဆည်ရေလွှတ်နေသော ကြောင့် မူးမြစ်၏ စိုးရိမ်ရေမှတ် ဖြစ်သော ၂၅ ပေအထက် နောက် ထပ် ၂ ပေခန့် တက်နိုင်သည်ဟု ဦးလှရွှေက သတိပေးသည်။ ဇူလိုင် ၂၃ ရက် ညနေတွင် မူးမြစ်ရေ သိသိသာသာမြင့်တက် လာပြီး မြေနိမ့်ရပ်ကွက်၌ နေ ထိုင်သူများ ရေဘေးလွတ်ရာ နေ ရာများသို့ ကြိုတင်ရွှေ့ပြောင်းနေ ကြသည်ဟု အရာတော်မြို့နယ် ဒေသခံတစ်ဦးကပြောသည်။ ရေလှောင်တမံ ကန်ရေပြည့် သိုလှောင်ပမာဏမှာ ဧက ပေ ၂၈ သိန်းကျော်ဖြစ်ပြီး ယခုအခါ ရေသိုလှောင်ပမာဏ ဧက ပေ ၂၅ သိန်းကျော် ရှိပြီဖြစ်သဖြင့် ဇူလိုင် ၂၂ ရက် နေ့လယ်မှ စတင်လျှော့ချနေခြင်းဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

No comments: