မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 24, 2015
ရေတိုက်စားမှုကြောင့်ပျက်စီးသွားသည့် ရထားလမ်းပိုင်း ၁၀ရက်အတွင်း အပြီးပြင်မည်ဟု ဆို
စစ်ကိုင်းတိုင်းအထက် ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း ခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့ပြီး မိုးရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေး-မြစ် ကြီးနားရထားလမ်းပိုင်းကို ၁၀ ရက်ဖြင့် အပြီးပြုပြင်မည်ဟု မြန် မာ့မီးရထားမှ သတင်းရရှိသည်။
မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေကြီးမှုများဖြစ်ပေါ်လာ ပြီး ရေတိုက်စားမှုများကြောင့် ဇူလိုင် ၁၇ ရက်တွင် မန္တလေး-မြစ်ကြီးနားလမ်း ရထားလမ်းပိုင်းရှိ ကံကြီးဘူတာနှင့် ကောလင်းဘူ တာကြားရှိ ရထားသံလမ်းမှာ အောက်ခံမြေသားများ ပျက်စီး၍ ရထားသံလမ်းသာကျန်ရှိတော့ သည်။
‘‘အဲဒီလမ်းပိုင်းက ရေကြီးပြီး အောက်ခံမြေသားတွေ ပျက်စီး သွားတာ။ မြေသားတွေက ပြိုကျ ပြီး ရထားသံလမ်းပဲ ကျန်တော့ တာ။ တံတားအမှတ် (၂၈၀)ပါ’’ဟုမြန်မာ့မီးရထား (အထက်မြန်မာ ပြည်)အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။
ရေတိုက်စားမှုကြောင့် ပျက် စီးသွားသည့် ရထားလမ်းပိုင်းပြု ပြင်ရန် ကျောက်ရထားတွဲများ၊ သံပေါင်များ၊ ဘေလီများကို လယ်ဝေးဘူတာမှပို့ထားပြီး ကံကြီးနှင့် ဇော်ချောင်းဘူတာအကြားရှိ လမ်းပိုင်းကိုလည်း ပြုပြင်နေကြောင်း ၎င်းက ရှင်းပြသည်။ ထို့ပြင် အောက်ခံမြေသားပြိုကျခဲ့သည့် ရထားသံလမ်းကို ပြန်လည်ပြုပြင်ရန် စီစဉ်နေကြောင်းလည်း သိရ သည်။
‘‘ကောလင်းနဲ့ ကံကြီးဘူတာ ကြားက လမ်းပိုင်းကိုပြင်ဖို့ ဘယ် လောက်ကုန်ကျမလဲဆိုတာတော့ မသိသေးဘူး။ စာရင်းကောက် တုန်းပဲရှိသေးတယ်။ စာရင်းကောက်ပြီး ကုန်ကျငွေတွက်ပြီးတာနဲ့ စပြင်မှာ’’ဟု ဦးမျိုးဝင်းက ပြောသည်။
ကံကြီးနှင့် ကောလင်းဘူတာ ကြားရှိ လမ်းပိုင်းပျက်စီးနေခြင်း ကြောင့် ကောလင်းဘူတာတွင် ပိတ်မိနေသည့် ခရီးသည်များအား မြစ်ကြီးနားမှလာသည့်ကားများ ဖြင့်တင်ဆောင်ကာ ကန့်ဘလူဘူတာသို့ ပို့ဆောင်ပေးပြီး ကန့်ဘလူမှတစ်ဆင့် ရထားဖြင့် မန္တလေးသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘အဲဒီအစီအစဉ်ကို လုပ်ဖို့ ဆွေးနွေးနေတယ်။ ဇူလိုင် ၂၄ ရက်ကစပြီး အကောင်အထည်ဖော် မယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရထားလမ်းပိုင်းပိတ်ဆို့မှု ကြောင့် ဘူတာသုံးခုတွင် ပိတ်မိ နေသည့် ရထားသုံးစီးပေါ်မှ စုစု ပေါင်းခရီးသည် ၁,၂၈၈ ဦး ခရီး မဆက်နိုင်ဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment