Friday, July 24, 2015

စစ်ကိုင်းတိုင်းရေဘေး လူခုနစ်ဦး သေဆုံးပြီး လူငါးထောင်ကျော် ကယ်ဆယ်ရေးစခန်းများရောက်

စစ်ကိုင်းတိုင်းဒေသကြီး တွင် နှစ်ပေါင်း ၂၄ နှစ်အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ခုနစ်ဦးရှိကာ လူဦးရေ ၅,၃၃၄ ဦး ကယ်ဆယ်ရေးစခန်းများ၌ မှီခိုနေရပြီး ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့သည်။ ရေဘေးကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်နေသော ရဲ တပ်ဖွဲ့ဝင်တစ်ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ငါးဦးအသက်ဆုံးရှုံးခဲ့ရပြီး နွေစပါး၊ မိုး စပါး၊ စပါးပျိုးခင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံ စုစုပေါင်းဧက ရှစ်သောင်းကျော် ရေလွှမ်းမိုးနစ်မြုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ဒေသများတွင် ကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်နေမှု အခြေ အနေကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ဇူလိုင် ၂၃ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ် သည်။ ‘‘စုစုပေါင်းကျပ် ၈၈,၇၇၄,၈၆၀ နဲ့ ကျောင်းသား၊ ကျောင်းသူများ အတွက် ဗလာစာအုပ်၊ စာရေး ကိရိယာနဲ့ ပြဋ္ဌာန်းစာအုပ်တွေ ထောက်ပံ့ခဲ့ပါတယ်’’ဟု စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န် ကြီးချုပ် ဦးသာအေးက တိုင်းဒေသကြီး လွှတ်တော်တွင် ရှင်းလင်း ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေး စသည့် ခရိုင်အ တွင်း မြို့နယ်ကိုးမြို့နယ်ရှိ အိမ် ထောင်စု ၃,၀၆၈ စုမှ လူဦးရေ ၁၃,၈၃၄ ဦးကို ရေလွတ်ရာဒေသ များသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

No comments: