မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 24, 2015
ဦးအောင်သောင်း ဇူလိုင် ၂၃ ကွယ်လွန်၊ ဇူလိုင် ၂၇ ရက်တွင် သင်္ဂြိုဟ်မည်
ကွယ်လွန်သွားသော ဦးအောင်သောင်း၏ရုပ်အ လောင်းကို ဇူလိုင် ၂၇ ရက် (တနင်္လာနေ့)တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ရန်ကုန်မြို့နေအိမ်၌ ငါးရက်ကြာ ထားရှိမည်ဖြစ် ကြောင်း သတင်းရရှိ သည်။
စင်ကာပူနိုင်ငံတွင် ဆေး ကုသမှုခံယူနေသော ပြည်ခိုင်ဖြိုး ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင် သောင်းသည် ဇူလိုင် ၂၃ ရက် နံနက်က ကွယ်လွန်သွားပြီး ယင်း နေ့ညတွင် ၎င်း၏ ရုပ်အလောင်း ကို ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင် ရတနာမွန်အိမ်ရာရှိ နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။
ဦးအောင်သောင်း၏ ရုပ် အလောင်းကို ငါးရက်ကြား ထားရှိ နိုင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)က Cool Box (အအေးခံ သေတ္တာ)သွားရောက်ပို့ဆောင် ပေးထားကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်)မှ သတင်းရရှိ သည်။
မီးသင်္ဂြိုဟ်ပြီးသည့် အရိုးပြာ များကို တောင်သာမြို့နယ် ဝဲ လောင်ကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် ဂူသွင်းထားရှိမည် ဖြစ်ကြောင်း ဦးအောင်သောင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
‘‘လူကြီးတွေက ငါးရက် လောက်ထားခိုင်းကြလို့ ၂၇ ရက်မှာ မီးသင်္ဂြိုဟ်တော့မှာပါ။ သူ့ရဲ့ပြာအိုးကိုတော့ ဝဲလောင်ရွာ က ဘုန်းကြီးကျောင်းထိပ်မှာ အုတ်ဂူသွင်းထားဖို့ စီစဉ်ထားပြီး သားပါ’’ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၃ ရက် နံနက်တွင် ရန်ကုန်မြို့ရှိနေအိမ်၌ နာရေးလာ ရောက် မေးမြန်းကြသူများဖြင့် စည်ကားခဲ့ပြီး ဈာပနအခမ်းအနား ပြုလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။
ဦးအောင်သောင်း၏ နာရေး သို့ လိုက်လံပို့ဆောင်ပေးရန် မိ သားစုဝင်များက နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော် သူထံ အကူအညီတောင်းခံထား ကြောင်း သတင်းရရှိသည်။
‘‘သင်္ဂြိုဟ်ဖို့အတွက် လိုက်ပို့ ဖို့ ဥက္ကဋ္ဌဦးကျော်သူထံ ဖုန်းဆက် အကူအညီတောင်းထားပါတယ်။ တနင်္လာနေ့ မနက် ၁၀ နာရီပါ။ ဥက္ကဋ္ဌကလည်း သူကိုယ်တိုင် လိုက်လံပို့ဆောင်ပေးမယ်လို့ ပြောထားပါတယ်’’ဟု နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ကိုကျော်ဟိန်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း သည် ဦးနှောက်သွေးကြောပေါက် သဖြင့် ဆေးကုသမှုခံယူရန် ဇူလိုင် ၉ ရက်က စင်ကာပူနိုင်ငံသို့သွား ရောက်ခဲ့သည်။ စင်ကာပူဆေးရုံ တွင် နှစ်ပတ်ကြာဆေးကုသမှုခံ ယူပြီး ဇူလိုင် ၂၃ ရက် မြန်မာ စံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
၁၉၄၀ ဒီဇင်ဘာ ၁ ရက်တွင် မွေးဖွားခဲ့သည့် ဦးအောင်သောင်း သည် လာမည့် ဒီဇင်ဘာ ၁ ရက် ၌ အသက် (၇၅)နှစ်ပြည့်မည် ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီတွင် ဩဇာကြီးမားသူတစ်ဦးဖြစ်သည်။
တပ်မတော်အစိုးရလက် ထက်တွင် အမှတ်(၁) စက်မှုဝန် ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူ ပြီး ၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲ၌ တောင်သာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရာ အနိုင်ရရှိခဲ့သည်။
ဦးအောင်သောင်းသည် လက်ရှိအာဏာရပါတီ၏ ဗဟို အတိုင်ပင်ခံတစ်ဦးဖြစ်သည့် တပ် မတော်အစိုးရလက်ထက် အကြီး အကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဖြစ်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment