Friday, July 24, 2015

KIA အဖွဲ့မှ မိုင်းများထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ စိုးရိမ်ထိတ်လန့်

KIA အဖွဲ့မှ မိုင်းများထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ စိုးရိမ်ထိတ်လန့် 23-7-2015 ကချင်ပြည်နယ်၊ တနိင်းမြို့နယ်၊ တိမ်ကောက်ရွာအနီးတွင် ဇူလိုင်လ ၂၀ ရက်နေ့၌ KIA အဖွဲ့ ရောက်ရှိလာပြီး မိုင်းများထောင်ထားကြောင်း ဒေသခံရွာသားများထံမှ သိရှိရပါသည်။ အဆိုပါအဖွဲ့သည် တိမ်ကောက်ရွာအနီး တစ်ဝိုက်ရှိ အစိုးရတပ်များဝင်ရောက်လာနိုင်သည့် လမ်းတစ်လျှောက် တွင် နင်းမိုင်းများ လိုက်လံထောင်ထားကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီချိန်ခန့်တွင် မိုင်းထောင်စဉ် ရုတ်တရက်မိုင်းပေါက်ကွဲမှုဖြစ်ပြီး ၎င်းတို့အဖွဲ့မှ အဖွဲ့ဝင် ၁ ဦး သေဆုံးသွားကြောင်း ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးမှပြောပြပါသည်။ “ မိုင်းထောင်တာကတော့ သူတို့နေရာကို အစိုးရတပ်တွေဝင်လာနိုင်တဲ့လမ်းကြောင်းမှာ ထောင်တာပဲ၊ လမ်းတစ်လျှောက်မှာလည်း မိုင်းတွေထောင်ထားတယ်လို့ပြောတယ်၊ မိုင်းတွေရှိနေတော့ တောင်ယာသွား လုပ်ရတာ အဆင်မပြေ တော့ဘူး၊ ဟိုမသွားရ ဒီမသွားရဆိုတော့လည်း ထင်းခွေ၊ ရေခပ်၊ ငါးဖမ်းလို့တောင် အဆင်မပြေတော့ဘူး” ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့မှ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုင်းများ ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသား များမှာ မကြာခဏနင်းမိ၍ ဒဏ်ရာရ၊ သေဆုံးခြင်းများရှိနေသဖြင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရပါသည်။ ဆိုင်နော်(ဖားကန့်) KIA အဖွဲ့မှ မိုင်းများထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ စိုးရိမ်ထိတ်လန့် 23-7-2015 ကချင်ပြည်နယ်၊ တနိင်းမြို့နယ်၊ တိမ်ကောက်ရွာအနီးတွင် ဇူလိုင်လ ၂၀ ရက်နေ့၌ KIA အဖွဲ့ ရောက်ရှိလာပြီး မိုင်းများထောင်ထားကြောင်း ဒေသခံရွာသားများထံမှ သိရှိရပါသည်။ အဆိုပါအဖွဲ့သည် တိမ်ကောက်ရွာအနီး တစ်ဝိုက်ရှိ အစိုးရတပ်များဝင်ရောက်လာနိုင်သည့် လမ်းတစ်လျှောက် တွင် နင်းမိုင်းများ လိုက်လံထောင်ထားကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီချိန်ခန့်တွင် မိုင်းထောင်စဉ် ရုတ်တရက်မိုင်းပေါက်ကွဲမှုဖြစ်ပြီး ၎င်းတို့အဖွဲ့မှ အဖွဲ့ဝင် ၁ ဦး သေဆုံးသွားကြောင်း ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးမှပြောပြပါသည်။ “ မိုင်းထောင်တာကတော့ သူတို့နေရာကို အစိုးရတပ်တွေဝင်လာနိုင်တဲ့လမ်းကြောင်းမှာ ထောင်တာပဲ၊ လမ်းတစ်လျှောက်မှာလည်း မိုင်းတွေထောင်ထားတယ်လို့ပြောတယ်၊ မိုင်းတွေရှိနေတော့ တောင်ယာသွား လုပ်ရတာ အဆင်မပြေ တော့ဘူး၊ ဟိုမသွားရ ဒီမသွားရဆိုတော့လည်း ထင်းခွေ၊ ရေခပ်၊ ငါးဖမ်းလို့တောင် အဆင်မပြေတော့ဘူး” ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။ KIA အဖွဲ့မှ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုင်းများ ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသား များမှာ မကြာခဏနင်းမိ၍ ဒဏ်ရာရ၊ သေဆုံးခြင်းများရှိနေသဖြင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: