Thursday, July 2, 2015

KIA မှ ဒေသခံများအား အသုံးချကာ တိုက်ခိုက်ရေးနည်းစနစ်အဖြစ် အသုံးပြုနေ ===========

KIA မှ ဒေသခံများအား အသုံးချကာ တိုက်ခိုက်ရေးနည်းစနစ်အဖြစ် အသုံးပြုနေ
======================================
1, July, 2015 By Voice Of Kachin

KIA မှ ဒေသခံများအား အကာအကွယ်ယူကာ ဖားကန့်မြို့နယ်အတွင်းရှိ ကုမ္ပဏီများ ကျောက်လုပ်ကွက်များကို ၀င်ရောက်ဖောက်ခွဲခြင်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျှက် ရှိသည်ကို တွေ့ရှိရပါသည်။

တပ်မတော်စစ်ကြောင်းများအား လက်နက်ကြီး ပစ်ခွင့်မရအောင် လူရှိသော နေရာများတွင် တိုက်ပွဲကို ဖန်တီးနေကြောင်း သိရှိရပါသည်။ တပ်မတော်မှ ဒေသခံများအား ညှာတာခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ၎င်းတို့ ယာယီခြေကုတ်စခန်းများကိုလည်း ကျေးရွာများနှင့် နီးသော နေရာများတွင် တည်ဆောက်ကာ တပ်မတော်မှ လက်နက်ကြီးပစ်ခွင့်မရအောင် ဖန်တီးလျှက် ရှိကြောင်း သိရှိရသည်။

ထို KIA ၏ ယုတ်မာရက်စက်သော လုပ်ရပ်ကြောင့် ဒေသခံများအား လူသားတံတိုင်းအဖြစ် အသုံးချမှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရာများ ရရှိခဲ့ကြသည်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ တွင်လည်း KIA ၏ အဓိကကွပ်ကဲမှုနေရာများအား ဒုက္ခသည်စခန်းများ၊ ဆေးရုံ၊ ကျောင်း၊ ချက်စ်ကျောင်း၊ လူနေအိမ်များဖြင့် ကာရံထားကာ တပ်မတော်မှ ပြန်လည်တိုက်ခိုက်၍ အခွင့်မသာ အောင် ဖန်တီးထားကြောင်း သိရှိရပါသည်။ ဒေသခံများအနေဖြင့် KIA မှ နည်းအမျိုးမျိုးဖြင့် ဒုက္ခပေး နှိပ်စက်နေကြောင်း သိရှိနိုင်စေရန်နှင့် KIA များရောက်ရှိလာပါက ဝေးဝေးမှ ရှောင်ရှားကြရန် သတိပေးလိုက်ပါသည်။

No comments: