KIA မှ ကချင်မဟုတ်သူများ လူသစ်ဆွဲပြီး ရက်တိုသင်တန်းပေးကာ ရှေ့တန်းစခန်းများကို ပို့လွှတ်=======================================1, July, 2015 By Voice Of KachinKIA မှ ကချင်လူမျိုးမဟုတ်သူများအား လူသစ်ဆွဲပြီး ရက်တိုသင်တန်းပေးကာ တပ်မတော် စစ်ကြောင်းများနှင့် အလွန်နီးကပ်သော ရှေ့တန်းစခန်းများအား ပို့လွှတ်ကြောင်းသိရှိရပါသည်။ ကချင်လူမျိုးမဟုတ်ကြသူများဆိုသည်မှာ KIA က သတ်မှတ်ထားသော ဂျိမ်းဖော ဇိုင်ဝါး နှင့် လချိတ် မပါ တခြား ကချင်ပြည်နယ်တွင်း နေထိုင်ကြသော လူမျိုးများကို ဆိုလိုရင်းဖြစ်ပါသည်။KIA မှ လူသစ်ဆွဲပြီး ရောက်လာတဲ့သူအားလုံးကို ချက်ချင်း ရက်တိုသင်တန်းပေး ပြီးတာနဲ့ လတ်တလော တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို ကျည်ဆံအနည်းငယ်သာ ပေးပြီး စေလွှတ်ခြင်း ခံရတယ်လို့ သိရပါတယ်။ ထွက်ပြေးမည်ဆိုလျှင်လည်း ကချင်ပြည်နယ်ထဲမှ လွတ်အောင်ပြေးနိုင်မှ ရမည်ဟု သိရပါတယ်။ ပြန်လည်ဖမ်းမိရင် သေသွားတာမှ အကောင်းဆုံးဖြစ်တယ်ဟု သိရှိရပါတယ်။ ဒါကြောင့်မို့ အတော်များများက မိသားစုဝင်တွေကို ဒုက္ခပေးမှာ ကြောက်လို့ ထွက်မပြေးရဲပဲ နေနေကြရတယ်လို့ သိရပါတယ်။
ပုံ။ ကျည်ဆံနည်းနည်းဖြင့် သေမင်းဆီသို့ ပို့ဆောင်ခံရသောKIA ရဲဘော်လေးများ
No comments:
Post a Comment